ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRCမြန်မာကိုယ်စားလှယ်တို့ ဒီနေ့မနက်ကတွေ့ဆုံဟု စစ်အုပ်စုထုတ်ပြန်
- BVJ

- Aug 3
- 1 min read
BVJ_ သြဂုတ် ၃၊ ၂၀၂၆

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)က မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqqueက ဒီနေ့ သြဂုတ် ၃ရက်မနက်ပိုင်းက လာရောက်တွေ့ဆုံခဲ့တယ်လို့ အာဏာသိမ်းစစ်အုပ်စုဘက်က သတင်းထုတ်ပြန်လာပါတယ်။
တွေ့ဆုံမှုကို ဘယ်နေရာမှာဆိုတာကိုတော့ စစ်အုပ်စုဘက်ကထည့်သွင်းဖော်ပြတာမရှိဘဲ ဓါတ်ပုံလေးပုံနဲ့အတူတွေ့ဆုံတယ်ဆိုတာကိုသာဖော်ပြလာတာဖြစ်ပါတယ်။


ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ICRCဘက်ကတော့ အခုသတင်းဖော်ပြတဲ့အချိန်ထိ ထုတ်ပြန်လာတာမရှိသေးပါဘူး။

စစ်အုပ်စုကဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားကာ ဘယ်နေရာဖမ်းဆီးထားလဲဆိုတာဖော်ပြတာမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အသက်ရှိနေကြောင်းသက်သေပြဖို့ သားဖြစ်သူအပါအဝင် နိုင်ငံတကာကဖိအားပေးတောင်းဆိုလာချိန်မှာ အခုလိုဓါတ်ပုံကိုထုတ်ပြန်လာတာဖြစ်ပါတယ်။ ဒါနဲ့ဆို ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံကို စစ်အုပ်စုဘက်ကထုတ်ပြန်လာတာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။
ဓါတ်ပုံ-စစ်အုပ်စုဘက်ကထုတ်ပြန်ထားသောပုံများ




Comments