ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တစ်အိမ်ပြောင်းရွှေ့ ထားမယ်လို့ စစ်အုပ်စုထုတ်ပြန်
- BVJ

- May 1
- 1 min read
BVJ_ဧပြီ ၃၀၊ ၂၀၂၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့နေအိမ်မှာဆက်လက်ကျခံစေဖို့ ပြောင်းလဲသတ်မှတ်ပေးလိုက်တယ်လို့ စစ်အုပ်စုခေါင်းဆောင် သမ္မတမင်းအောင်လှိုင်က ဒီနေ့ နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ အမိန့်ထုတ်ပြန်ချက်အရ ဒေါ် အာင်ဆန်းစုကြည်ကို နေပြည်တော်အကျဥ်းထောင်ကနေ သတ်မှတ်ထားတဲ့နေအိမ်မှာပြောင်းထားမယ်ဆိုတော့ အရင်ကလို နေအိမ်အကျဥ်ချုပ်ပြောင်းထားမယ့်သဘောမဟုတ်ဘူးလို့ ယူဆရပါတယ်။
ပြီးတော့ စစ်အုပ်စုကဒေါ်အောင်ဆန်းစုကြည်ကို ဆက်ချုပ်ထားမယ့်နေရာကိုဖော်ပြထားတာမတွေ့ရသလို အမိန့်ထုတ်ပြန်ချက်မှာအသုံးပြုထားတဲ့ဓာတ်ပုံဟာလည်း ၂၀၂၂ခုနှစ်ကရိုက်ထားတဲ့ပုံဟောင်းတစ်ပုံဆိုပြီး ဝေဖန်ပြောဆိုမှုတွေရှိနေကြပါတယ်။




Comments