top of page

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ကိုယ်လက်အင်္ဂါဆုံးရှုံးထားတဲ့ရဲဘော်တွေအတွက် သူပုန်ဖြူTeamက ငွေကြေးထောက်ပံ့

  • Writer: BVJ
    BVJ
  • 6 days ago
  • 1 min read

Updated: 5 days ago

BVJ/ဂျိုး_နိုဝင်ဘာ ၂၀၊၂၀၂၅

ree

တိုက်ပွဲတွေအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)ရဲ့ ဒဏ်ရာရရဲဘော်တွေအတွက် အာရက္ခတပ်တော်(AA)ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဦးဆောင်တဲ့ သူပုန်ဖြူTeamကငွေကြေးထောက်ပံ့ခဲ့ပြီး လက်ဆောင်တွေလည်းပေးပို့ခဲ့တယ်လို့ CNDFကထုတ်ပြန်ထားပါတယ်။


CNDF ရဲ့ဒဏ်ရာရရဲဘော်တွေအတွက် ငွေကျပ် ၄၂ သိန်းအပါအဝင် သူပုန်ဖြူကဗျာစာအုပ် ၄၂ အုပ်၊ လွယ်အိတ် ၄၂ လုံးနဲ့ စာအိတ် ၄၂ အိတ်တို့ကို သူပုန်ဖြူTeamက ပေးပို့လိုက်တာဖြစ်တယ်လို့ CNDFကအသိပေးထားပါတယ်။


အခုလိုထောက်ပံ့ပေးမှုအတွက်လည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDFအနေနဲ့ သူပုန်ဖြူTeamကိုကျေးဇူးအထူးတင်ရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။

AAဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်(ဓါတ်ပုံ-သူပုန်ဖြူTeam)
AAဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်(ဓါတ်ပုံ-သူပုန်ဖြူTeam)

ဒေါက်တာညိုထွန်းအောင်ရေးသားထားတဲ့ “သူပုန်ဖြူ”လို့အမည်ပေးထားတဲ့ တော်လှန်ရေး ကဗျာစာအုပ်ကို အခုနှစ် မေလက ရခိုင်-မြန်မာနှစ်ဘာသာနဲ့ထုတ်ဝေခဲ့တာပါ။

အဲဒီကဗျာစာအုပ်ကို တော်လှန်ရေးနယ်မြေတွေကနေတဆင့် ထိုင်းနိုင်ငံအပါအဝင်ပြည်တွင်း ပြည်ပမှာရောင်းချခဲ့သလို Onlineကနေ လေလံတင်ရောင်းချခဲ့ရာမှာလည်း အမေရိကန်ဒေါ်လာ လေးသောင်းအထိရရှိခဲ့ပါတယ်။ အဲဒီလေလံဈေးဟာ မြန်မာနိုင်ငံက ကဗျာစာအုပ်တစ်အုပ်အတွက် ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ အမြင့်ဆုံးစျေးလည်းဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page