တရုတ်နိုင်ငံရေကြီးမှု ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အို ၃၁ဦး ပိတ်မိပြီးသေဆုံး
- BVJ
- Aug 1
- 1 min read
အေတီ/BVJ- သြဂုတ်၁၊၂၀၂၅

တရုတ်နိုင်ငံ ဘေဂျင်းမြို့တဝိုက်မှာ မိုးသည်းထန်စွာရွာသွင်းပြီး မြစ်ရေကြီးလာတာကြောင့် ဘိုးဘွားရိပ်သာတစ်ခုက အဖိုးအဖွား အနည်းဆုံး ၃၁ ဦးအပါအဝင် လူ၆၀ကျော်သေဆုံးခဲ့ပါတယ်။
မီယွန်းခရိုင်ရှိ ရေလွှမ်းဘိုနေတဲ့ ဘိုးဘွားရိပ်သာထဲပိတ်မိနေတဲ့သူတွေကယ်တင်ဖို့ ကယ်ဆယ်ရေးအဖွဲ့က ကြိုးစားနေတဲ့ ဗီဒီယိုင်တစ်ခုလဲ အွန်လိုင်းပေါ်မှာတွေ့ရပါတယ်။
အဆိုပါဘိုးဘွားရိပ်သာဟာ တရုတ်နိုင်ငံမြို့တော် ဘေဂျင်းကနေကားနဲ့သွားရင် မိနစ်၉၀လောက်ပဲဝေးတဲ့နေရာမှာတည်ရှိပါတယ်။
ဘိုးဘွားရိပ်သာမှာရှိတဲ့ ၇၇ဦးထဲက ၅၅ဦးကျော်ဟာ မသန်စွမ်းတဲ့လူတွေဖြစ်တဲ့အတွက် ရေကြီးတဲ့အချိန် အဆောက်အဦးထဲပိတ်မိပြီးသေဆုံးရတာလို့ သိရပါတယ်။
ဘိုးဘွားရိပ်သာက လူတွေသေဆုံးရတာဟာ ရေအလျင်အမြန်တက်လာမှု တုံ့ပြန်မှုဆောင်ရွက်မှုနှေးကွေးလို့ သေဆုံးရတာဖြစ်ကြောင်း ဘေဂျင်းမြို့ အာဏာပိုင်တွေက ဝန်ခံခဲ့ပါတယ်။
Qingshui မြစ်ရေတွေ တနင်္လာနေ့မနက်က တဟုန်ထိုးတက်လာတာပြီး ရပ်ကွက်တွေထဲအထိ ရေတက်လာတာကြောင့် ဘိုးဘွားရိပ်သာကလူတွေ သေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံဘေဂျင်းမြို့နယ်တစ်ဝိုက် မိုးသည်းထန်စွာဆက်တိုက်ရွာပြီးရေတက်လာတဲ့အတွက် လူသုံးသိန်းကျော်ရေဘေးသင့်ခဲ့ပြီး၊ အိမ် နှစ်သောင်းလေးထောင်ကျော်၊ တံတား ၂၄၂ စင်းနဲ့ လမ်းတွေလည်းပျက်စီးခဲ့ပါတယ်။
Ref- ALJAZEERA
Comentários