top of page

ဘုံတိုရွာဗုံးကြဲခံရမှုကြောင့် ကျဆုံးခဲ့တဲ့ BLDFတပ်ဖွဲ့ တာဝန်ခံစျာပန ကျင်းပ

  • Writer: BVJ
    BVJ
  • Oct 13
  • 1 min read

အေတီ/BVJ_အောက်တိုဘာ ၁၁၊ ၂၀၂၅

ree

၂၀၂၅ခုနှစ် အောက်တိုဘာလ ၆ရက် သီတင်းကျွတ်လပြည့်နေ့မှာ စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ် ဘုံတိုရွာလေကြောင်းတိုက်ခိုက်ခံမှုကြောင့် ကျဆုံးသွားတဲ့ BLDFတပ်ဖွဲ့ရဲ့တာဝန်ခံ ဘုန်းမြင့်ဇော် (ခ)တည်ကြည်ရဲ့ဈာပနအခမ်းအနားကို မနေ့ကကျင်းပခဲ့ပါတယ်။


ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)တပ်ဖွဲ့ စစ်ဒေသ(၃)တာဝန်ခံ ရဲဘော်ဘုန်းမြင့်ဇော်(ခ)ရဲဘော်တည်ကြည်ရဲ့ဈာပနအခမ်းအနားကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး အခြေစိုက်ရာ‌ဒေသတွင်းမှာ အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။


လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ရဲဘော်တည်ကြည်ဒဏ်ရာအပြင်းအထန်ရခဲ့ပြီးနောက် သူအသက်ရှင်ရေးအတွက် အတတ်နိုင်ဆုံးကြိုးစားကုသခဲ့ကြပေမယ့် အောက်တိုဘာလ ၉ ရက်နေ့၊ မနက် သုံးနာရီအချိန်မှာကျဆုံးသွားခဲ့ပါတယ်။

ree

သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲကို အာဏာသိမ်းစစ်အုပ်စုက ပါရာမော်တာစက်တပ်လေထီးနဲ့လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား အနည်းဆုံး၂၅ ဦးသေဆုံးခဲ့ပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။


ခရက်ဒစ်- Burma Liberation Democratic Front - BLDF


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page