top of page

သီတင်းကျွတ်လပြည့်ညမီးထွန်းပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း တမိသားစုထဲက မိသားစုဝင် ၄ဦးအထိ သေဆုံးမှုရှိခဲ့

  • Writer: BVJ
    BVJ
  • Oct 9
  • 1 min read

အေတီ/BVJ_ အောက်တိုဘာ ၉၊ ၂၀၂၅

ree

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဘုံတိုရွာကို အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့်ညမှာအာဏာသိမ်းစစ်အုပ်စုက အစုအလိုက်အပြုံလိုက်ဗုံးကြဲသတ်ဖြတ်ခဲ့တာမှာ မိသားစုလိုက်သေကြေဒဏ်ရာရမှုတွေရှိခဲ့ပါတယ်။


မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီက ကိုကံမြင့်ဆိုရင် သူတစ်ဦးထဲသေဆုံးခဲ့တာတင်မက သူ့ဇနီးကလည်းခြေထောက်ဖြတ်ပစ်ရတဲ့အထိ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ကိုကံမြင့်ရဲ့သူငယ်ချင်းတစ်ဦးက BVJကို အတည်ပြုပါတယ်။ကိုကံမြင့်မှာအရွယ်မရောက်သေးတဲ့ သားလေးတစ်ဦးကျန်ရစ်ခဲ့ပြီး အဖေကသေဆုံး အမေကလည်းဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့အတွက် အဲ့ဒီကလေးကိုဆွေမျိုးတွေက စောင့်ရှောက်ထားရပါတယ်။


ဒါ့အပြင် မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားဟောင်း မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီက ကိုချမ်းငြိမ်းအောင်ဟာလည်း သူ့အသက်ပေးလိုက်ရယုံတင်မက သူ့ရဲ့မိခင်၊ အစ်မနဲ့တူမဖြစ်သူတို့ပါသေဆုံးခဲ့တယ်လို့ သူနဲ့ရင်းနီးတဲ့နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးက အတည်ပြုပါတယ်။ ကိုချမ်းငြိမ်းအောင်တို့ မိသားတစုထဲမှာတင် မိသားစုဝင်လေးဦးသေဆုံးခဲ့ရပါတယ်။


ဗုံးကြဲခံရမှုကြောင့် သေဆုံးခဲ့တဲ့အရပ်သားနှစ်ဆယ်ကျော်ထဲမှာ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီကလူငယ်တွေဖြစ်တဲ့ ကိုချမ်းငြိမ်းအောင်၊ကိုကံမြင့်၊ ကိုဇော်လင်းနိုင်၊ ကိုညီညီဇော်တို့လည်းပါဝင်ပါတယ်။

ree

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ချောင်းဦးနယ်အစပ်မှာ သီတင်းကျွတ်လပြည့်နေ့ညက ဆီမီးထွန်းပွဲနဲ့စစ်အာဏာရှင်ဆန့်ရှင်ရေးသပိတ်ပြုလုပ်နေတဲ့နေရာကို အာဏာသိမ်းစစ်အုပ်စုက စက်တပ်လေထီးပါရာ မော်တာနဲ့ဗုံးလာကြဲခဲ့တဲ့အတွက် လသားအရွယ် ကလေးငယ်အပါဝင် သေဆုံးသူ ၂၀ကျော်ရှိလာပြီး ထိခိုက်ဒဏ်ရာရသူတွေထဲ စိုးရိမ်ရသူတွေအများအပြားရှိနေဆဲဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page