ရဟတ်ယာဉ်ပစ်ချခံရမှုအတွက် အီရန်ကို အမေရိကန်ကလက်စားချေတိုက်ခိုက်
- BVJ

- Jun 10
- 1 min read
အီးကေ/BVJ_ ဇွန် ၁၀၊ ၂၀၂၆

ဟော်မုဇ်ရေလက်ကြားဒေသမှာ အမေရိကန်ရဟတ်ယာဉ်တစ်စင်းကို အီရန်ကပစ်ချခဲ့တယ်လို့ သမ္မတဒေါ်နယ်ထရမ့်ကစွပ်စွဲပြီးနာရီပိုင်းအတွင်းမှာပဲ အမေရိကန်တပ်ဖွဲ့က အီရန်ကိုလက်တုံ့ပြန်တိုက်ခိုက်မှုတွေစတင်ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (Centcom)ရဲ့ထုတ်ပြန်ချက်အရ အင်္ဂါနေ့ ၁၇:၀၀ နာရီ (EST)မှာအမေရိကန်တပ်ဖွဲ့တွေက ရဟတ်ယာဉ်ပစ်ချခံရမှုအတွက် လက်တုံ့ပြန်တိုက်ခိုက်မှုစတင်ခဲ့တယ်လို့ သိရပါတယ်။
"ဒီမစ်ရှင်ဟာ တရားမျှတမှုမရှိတဲ့အီရန်ရဲ့ရန်လိုမှုအတွက် အချိုးကျတဲ့ လက်တုံ့ပြန်မှုဖြစ်ပါတယ်"လို့ Centcomရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပျက်ကျခဲ့တဲ့ အမေရိကန် အက်ပချီရဟတ်ယာဉ်ပေါ်ကလေယာဉ်မှူးနှစ်ဦးကို အမေရိကန်ရေကြောင်းသုံးဒရုန်းနဲ့ကယ်ဆယ်နိုင်ခဲ့ကြောင်း Centcomကဆိုပါတယ်။
"လေယာဉ်မှူးနှစ်ဦးစလုံးဘေးကင်းပြီး ထိခိုက်ဒဏ်ရာမရရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီတိုက်ခိုက်မှုအပေါ် မလွဲမသွေလက်တုံ့ပြန်ရမှာဖြစ်ပါတယ်"လို့ ထရမ့်ကသူ့ရဲ့ Truth Social မီဒီယာအကောင့်မှာရေးခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်အရာရှိတစ်ဦးက BBCရဲ့အမေရိကန်ပါတနာ CBS News ကိုပြောကြားရာမှာတော့ အီရန်ဒရုန်းလို့ယူဆရတဲ့ အဲ့ဒီဒရုန်းဟာ ရဟတ်ယာဉ်ကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့ခြင်းဟုတ်၊မဟုတ်ကို ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
ပျက်ကျခဲ့တဲ့အက်ပချီရဟတ်ယာဉ်နဲ့ပတ်သက်ပြီး ထရမ့်ကမှတ်ချက်မပေးမီ မိနစ်အနည်းငယ်အလိုမှာ အီရန်ထိပ်တန်းညှိနှိုင်းရေးမှူး မိုဟာမက် ဘာဂါကာလီဘာ့ဖ် (Mohammad Baqer Qalibaf)က လူမှုကွန်ရက်ကနေတဆင့် လက်တုံ့ပြန်မှာဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပ့ါတယ်။
"ကျွန်တော်တို့က သံတမန်ရေးရာစကားလုံးတွေကို ပိုနှစ်သက်ပါတယ်။ ဒါပေမဲ့ တခြားဘာသာစကားတွေကိုလည်း ပိုကျွမ်းကျင်ပါတယ်။ ကတိကဝတ်တွေကို ဖောက်ဖျက်မယ်ဆိုရင်တော့ ကျွန်တော်တို့အကောင်းဆုံးပြောဆိုတတ်တဲ့ ဘာသာစကားကို ပြောင်းလဲသုံးစွဲသွားမှာပါ။ ကိုယ့်လုပ်ရပ်အတွက် ကိုယ်ပဲ တာဝန်ယူရမှာပေါ့"လို့ပြောပါတယ်။




Comments