မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဝှက်ထားခဲ့တဲ့ သေနတ်တွေထပ်မံတွေ့ရှိ
- BVJ

- Aug 29
- 1 min read
BVJ/ဇော်_ဩဂုတ် ၂၉၊ ၂၀၂၅

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးချိန် ဝှက်ထားခဲ့တဲ့လက်နက်တွေကို ဒေသခံတွေကတွေ့ရှိပြီး လာရောက်အပ်နှံတာသုံးကြိမ်ရှိပြီလို့ Chin Defence Force - Mindat ကသိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြေဖို့ဝှက်ထားခဲ့တဲ့ MA 1 (၃) လက်၊ ၄၀ မမ ဗုံးသီး (၆) လုံးနဲ့ အခြားလက်နက်ဆက်စပ်ပစ္စည်းတွေကို ဒေသခံတွေကတွေ့ရှိပြီး CDF-Mindat ထံ လာရောက်အပ်နှံခဲ့တာဖြစ်တယ်လို့ ဒီနေ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခု ဩဂုတ်လ ၂၂ ရက်နေ့မှာ MA-15 (စက်လက်) (၁) လက်၊ RPG 7 (၁) လက်၊ MA-4 (၁) လက်၊ MA-3 (၁) လက်နဲ့ ဆက်စပ်ပစ္စည်းတွေ လာရောက်အပ်နှံမှု တစ်ကြိမ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှာ MA-4 (၁) လက်၊ MA-3 (၁) လက်၊ MA-1 (၁) လက်နဲ့ ၄၀ မမဗုံးသီး (၅) လုံးအပြင် အခြားလက်နက် ဆက်စပ်ပစ္စည်းတွေ လာရောက်အပ်နှံမှုတစ်ကြိမ်နဲ့ အခုအကြိမ်လာရောက်အပ်နှံမှုမှာ ၃ ကြိမ်မြောက်ဖြစ်ပြီး လက်နက်တွေလာအပ်တဲ့ ဒေသခံတွေကိုလည်း ဆုကြေးငွေချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။







Comments