စစ်ကောင်စီတပ်ဝှက်ထားခဲ့တဲ့ လက်နက်တွေ CDF-Mindat တပ်ဖွဲ့ထံ လာရောက်အပ်နှံ
- BVJ

- Aug 25
- 1 min read
BVJ/ဇော်-ဩဂုတ် ၂၄၊ ၂၀၂၅

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးချိန်မှာ မြေဖို့ဝှက်ထားခဲ့တဲ့ လက်နက်တွေနဲ့ဗုံးသီးအချို့ကို မင်းတပ်ဒေသခံတွေကတွေ့ရှိပြီး ထပ်မံလာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒေသခံတွေကတွေ့ရှိခဲ့တဲ့လက်နက်တွေကို စစ်ဦးစီးချုပ်ရုံးမှာလာရောက်အပ်နှံခဲ့တာဖြစ်ပြီး MA-4 (၁)လက်၊ MA-3 (၁)လက်၊ MA-1 (၁) လက်နဲ့ ၄၀ မမဗုံးသီး (၅) လုံးအပြင် အခြားလက်နက်ဆက်စပ်ပစ္စည်းတွေ တာဝန်သိသိ လာရောက်အပ်နှံခဲ့တဲ့အတွက် ဆုကြေးငွေချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့မှာလည်း MA-15 (စက်လက်) (၁) လက်၊ RPG 7 (၁) လက်၊ MA-4 (၁) လက်၊ MA-3 (၁) လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဒေသခံတွေကတွေ့ရှိပြီး လာရောက်အပ်နှံခဲ့တယ်လို့လည်း CDF-Mindat က ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒေသခံတွေ လက်နက်ခဲယမ်း လာရောက်အပ်နှံတဲ့ အခြေအနေနဲ့ပတ်သက်ပြီး CDF-Mindat ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
CDF မင်းတပ်ပါဝင်တဲ့ ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာမှာ မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၄၀ ကျော်ကြာမြို့သိမ်းတိုက်ပွဲအတွင်းမှာ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းအများအပြားကို သိမ်းပိုက်ရရှိခဲ့တားဖြစ်ပါတယ်။







Comments