စစ်ကောင်စီတပ်သား သုံးဦး CDF – Hakha ထံအလင်းဝင်၊ တစ်ဦးကို ဖမ်းဆီးရမိ
- BVJ

- May 19
- 1 min read
BVJ/ ဇော် _ မေ ၁၉ ၊ ၂၀၂၅

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်သား (၃)ဦး လက်နက်ချ အလင်းဝင်လာပြီး (၁) ဦးကိုတော့ ဖမ်းဆီးရမိတယ်လို့ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) က မနေ့က မေလ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အခုလ ၁၅ ရက်နဲ့ ၁၇ ရက်တို့မှာ စစ်သား နှစ်ဦးနဲ့ ရဲ တစ်ဦးတို့ဟာ စစ်ကောင်စီကိုဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးကို ပူးပေါင်းပါဝင်ဖို့ဆိုကာ လက်နက်ခဲယမ်းတွေယူလာပြီး CDF – Hakha ဆီ အလင်းဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။
“အလင်းဝင်လာတဲ့သူတွေကို ဆုကြေးငွေ သိန်း ၃၀ ထောက်ပံ့ပေးခဲ့ပြီးတော့ လုံခြုံတဲ့နေရာကို တာဝန်ယူပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ တစ်ယောက်ဖမ်းဆီးထားတာရှိပါတယ်။ ဖမ်းဆီးထားတဲ့သူကိုတော့ တရားစီရင်ရေးလုပ်ပြီးတော့ တော်လှန်ရေးပြီးဆုံးတဲ့အထိ အချုပ်ထဲမှာ ဖမ်းဆီးထားမှာဖြစ်ပါတယ်” လို့ CDF – Hakha တာဝန်ရှိသူတစ်ဦးက Burma VJ ကိုပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ဘဲ အလင်းဝင်လာမယ့်သူတွေကို နွေးထွေးစွာ ကြိုဆိုပြီး လုံခြုံတဲ့နေရာရောက်တဲ့အထိ တာဝန်ယူမှာဖြစ်တယ်လို့လည်း CDF – Hakha ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

















Comments