top of page

စစ်ကောင်စီတပ် အင်အားရာချီစစ်ကြောင်းထိုးလာလို့ ကလေး-သိုင်းငင်လမ်းမကြီးကို ချင်းတပ်ဖွဲ့က အရေးပေါ်လမ်းပိတ်

  • Writer: BVJ
    BVJ
  • May 20
  • 1 min read

တိုက်ပွဲဖြစ်နိုင်ချေရှိဟုဆို


BVJ/ယူဂရင်း_ မေ ၂၀၊ ၂၀၂၅


CDF CDM SIYIN ရဲဘော်ရဲမေများ(ပုံဟောင်း)
CDF CDM SIYIN ရဲဘော်ရဲမေများ(ပုံဟောင်း)

ချင်းတောင်ဘက်ကို စစ်ကောင်စီတပ် အင်အား နှစ်ရာကျော်နဲ့စစ်ကြောင်း ထိုးလာတာကြောင့် ကလေး- သိုင်းငင်းလမ်းမကြီးကို ဒီနေ့ မတ်လ ၂၀ရက်နေ့လယ် ၁၁နာရီနောက်ပိုင်းကစပြီး ယာယီပိတ်လိုက်ပြီလို့ CDF-CDM Siyinက အရေးပေါ်ကြေညာချက်ထုတ်ပြန်ပါတယ်။


ကလေး- သိုင်းငင်းလမ်းမကြီး အတက်အဆင်းအားလုံးကို ပိတ်လိုက်တာဖြစ်ပြီး ပြန်မဖွင့်မချင်း ပြည်သူတွေက အသုံးမပြုသေးဖို့လည်း CDF-CDM Siyin ကပြောထားပါတယ်။


CDF-CDM Siyin ပြောရေးဆိုခွင့်ရှိသူက “သူတို့က တောင်ပေါ်ရွာ ပထမရွာ မရောက်သေးဘူး။ အင်အားကတော့ ၂၀၀-၂၅-ဝန်းကျင်ရှိပါတယ်ဗျ။ အချိန်မရွေးဖြစ်နိုင်ပါတယ်။ စကစ ကရှေ့တိုးလာမလာ မသိရသေးဘူး။ တိုးလာရင်က အချိန်မရွေးထိတွေ့မှုက ရှိတော့မှာဆိုတာကတကြောင်း၊ လမ်းမပိတ်ထားရင် ကလေးဘက်ကတက်လာတဲ့ကားတွေက သူတို့အတွက် ထောက်ပို့လုပ်ပေးနေတာ တွေ့ရပါတယ်။ အဲ့ဒါလဲ တကြောင်းပေါ့” လို့ Burma VJကို ပြောပါတယ်။


စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲက အချိန်မရွေးဖြစ်ပွားနိုင်တယ်လို့လည်း ပြောပါတယ်။


လမ်းမကြီးကိုယာယီပိတ်ထားပြီးချိန်နောက်ပိုင်း ပြဿနာတွေကို တာဝန်ယူမယ်မဟုတ်ကြောင်းကိုလည်း CDF-CDM Siyin အရေးပေါ် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။


ree

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page