top of page

CDF-အရှို တပ်ဦးချုပ်၊ ဒုတပ်ကြပ်နဲ့ရဲဘော်တစ်ဦးတို့ ကျဆုံး

  • Writer: BVJ
    BVJ
  • 1 minute ago
  • 1 min read

မိုနာ/BVJ_ သြဂုတ် ၁၇၊ ၂၀၂၆

ကျဆုံးသူတွေအတွက် အမိန့်ပြန်တမ်းနဲ့စျာပနပြုလုပ်နေပုံ(ဓါတ်ပုံ-CDF-Asho)
ကျဆုံးသူတွေအတွက် အမိန့်ပြန်တမ်းနဲ့စျာပနပြုလုပ်နေပုံ(ဓါတ်ပုံ-CDF-Asho)

မကွေးတိုင်း၊ငဖဲမြို့နယ်အခြေစိုက် ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းကာကွယ်ရေးတပ်-အရှို(CDF-အရှို)ရဲ့ တပ်ဦးချုပ် ဆလိုင်းရှိုးချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နဲ့ ရဲဘော် အောင်လင်းဇော်တို့ဟာ အခုလ သြဂုတ် ၁၄ရက်မှာ တာဝန်တွေထမ်းဆောင်ရင်းကျဆုံးခဲ့တယ်လို့ တပ်ဖွဲ့က ဒီနေ့ သြဂုတ် ၁၇ရက်မနက်မှာ ထုတ်ပြန်ပါတယ်။


အခုလိုဆုံးရှုံးမှုဟာ တပ်ဖွဲ့အတွက် အစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုဖြစ်ပြီး တော်လှန်ရေးတာဝန်တွေကိုအသက်နဲ့ခန္ဓာစွန့်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ချင်းကာကွယ်ရေးတပ်-အရှိုအနေနဲ့လည်း များစွာဂုဏ်ယူတယ်လို့လည်း အမိန့်ပြန်တမ်းမှာဖော်ပြပါတယ်။

ကျဆုံးသူတွေအတွက် အမိန့်ပြန်တမ်းနဲ့စျာပနပြုလုပ်နေပုံ(ဓါတ်ပုံ-CDF-Asho)
ကျဆုံးသူတွေအတွက် အမိန့်ပြန်တမ်းနဲ့စျာပနပြုလုပ်နေပုံ(ဓါတ်ပုံ-CDF-Asho)

တပ်ဖွဲ့ခေါင်းဆောင်နဲ့ရဲဘော်နှစ်ဦးကျဆုံးမှုနဲ့ပတ်သက်ပြီး တပ်ဖွဲ့ကလည်း Burma VJကိုအတည်ပြုပြောထားပါတယ်။

ချင်းကာကွယ်ရေးတပ်-အရှိုတပ်ဖွဲ့ခေါင်းဆောင် ဆလိုင်းရိုးချင်းနဲ့ရဲဘော် နှစ်ဦးဟာ မကွေးတိုင်း၊ ငဖဲမြို့အနီးရိက္ခာသွားယူချိန်မှာ စေတုတ္တရာဘက်ကထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့တွေ့ပြီး ပစ်ခတ်မှုဖြစ်ပြီးကျဆုံးခဲ့ရတာလို့ ဒေသတွင်းမီဒီယာတွေကဖော်ပြကြပါတယ်။

ပစ်ခတ်မှုအတွင်း အဖမ်းခံလိုက်ရတဲ့ရဲဘော်ရှိသလို ထွက်ပြေးလွတ်မြောက်လာတဲ့ရဲဘော်တွေလည်းရှိတယ်လို့ သိရပါတယ်။

ကျဆုံးသူတွေအတွက် အမိန့်ပြန်တမ်းနဲ့စျာပနပြုလုပ်နေပုံ(ဓါတ်ပုံ-CDF-Asho)
ကျဆုံးသူတွေအတွက် အမိန့်ပြန်တမ်းနဲ့စျာပနပြုလုပ်နေပုံ(ဓါတ်ပုံ-CDF-Asho)

ရခိုင်း-မကွေး-ချင်းအစပ်ဒေသဘက်မှာ အာရက္ခတပ်တော်-အေအေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်အုပ်စုဘက်ကစစ်ကြောင်းတွေတောက်လျောက်ထိုးနေတာဖြစ်ပါတယ်။

ချင်းကာကွယ်ရေးတပ်-အရှိုကလည်း ဒေသတွင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်အုပ်စုရဲ့စစ်ကြောင်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံစတာတွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page