ကနေဒါ ၁ - ၀ တောင်အာဖရိက
- BVJ

- Jun 29
- 1 min read
BVJ_ဇွန် ၂၈၊၂၀၂၆

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂သင်းအဆင့် ရှုံးထွက်ပွဲစဥ်ရဲ့ပထမဆုံးပွဲမှာ အသင်းခေါင်းဆောင် အူစတက်ကီယို (Eustaquio) ပွဲချိန် (၉၂)မိနစ်မှာ သွင်းယူပေးခဲ့တဲ့ဂိုးက ကနေဒါအသင်းကို နောက်ဆုံး (၁၆) သင်းအဆင့်ဆီပို့ဆောင်ပေးလိုက်ပါပြီ။

စိတ်ဓာတ်ခွန်အားကောင်းတဲ့ တောင်အာဖရိကအသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပေမယ့် ကနေဒါအသင်းဟာပွဲတလျှောက်လုံးပိုကောင်းတဲ့ ဂိုးသွင်းအခွင့်အရေးတွေကိုဖန်တီးနိုင်ခဲ့ပါတယ်။ အသင်းအတွက် အရေးကြီးဆုံးအချိန်မှာတော့ အူစတက်ကီယိုက အမိအရဂိုးသွင်းယူပြီး အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာပါ။


ကနေဒါနဲ့ တောင်အာဖရိကအသင်းနှစ်သင်းစလုံးဟာ အရင်က ကမ္ဘာ့ဖလား နောက်ဆုံး (၁၆)သင်းအဆင့်ကို တခါမှမတက်လှမ်းဖူးခဲ့ကြပါဘူး။ အခုတော့ ကနေဒါအသင်းက သူတို့ရဲ့ကမ္ဘာ့ဖလားခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းသွားနိုင်ပြီဖြစ်ပြီး နောက်တစ်ဆင့် ၁၆သင်းအဆင့်မှာ နယ်သာလန် (သို့မဟုတ်) မော်ရိုကိုအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။




Comments