top of page

လူငယ်ထုက ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုအမြင့်ဆုံးဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယုံကြည်မှုမရှိဆုံးလို့ စစ်တမ်းဖော်ပြ

  • Writer: BVJ
    BVJ
  • Jul 16
  • 1 min read

BVJ/ယူဂရင်း_ ဇူလိုင် ၁၆၊ ၂၀၂၅

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၁၅ ဒီဇင်ဘာ ၂ရက်ကတွေ့ဆုံခဲ့ပုံ(ဓါတ်ပုံ-AFP)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၁၅ ဒီဇင်ဘာ ၂ရက်ကတွေ့ဆုံခဲ့ပုံ(ဓါတ်ပုံ-AFP)

စစ်တပ်ကအာဏာသိမ်းပြီး ဖမ်းဆီးထောင်ချထားတဲ့ အသက်(၈၀)အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူငယ်လူထုယုံကြည်ထောက်ခံမှုက ၆၇ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်တယ်လို့ အရပ်ဖက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Blue Shirt Initiative-BSIက မနေ့က ဇူလိုင် ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

 

ယုံကြည်မှုအရှိဆုံးနဲ့ အင်စတီကျူးရှင်းနဲ့ လူပုဂ္ဂိုလ်တွေထဲမှာ ဒေါ်‌အောင်ဆန်းစုကြည်က အမြင့်ဆုံးဖြစ်ပြီး အဲ့ဒီအောက်မှာ ယုံကြည်မှုရှိတဲ့ နောက်ထပ်ရှစ်ခု ထပ်ရှိပါတယ်။

 

အဲ့ဒီရှစ်ခုထဲမှာ NUGရဲ့ ပြည်သူ့ကာကွယ်ရေးတပ်-PDFတွေက ဒုတိယ ၅၇ရာခိုင်နှုန်း၊ NUGက တတိယအဖြစ် ၄၈ရာခိုင်နှုန်းပါဝင်ပြီး ၄၅ရာခိုင်နှုန်းအဖြစ် NUGယာယီသမ္မတ ဒူဝါလရှီးလ၊ ၄၃ရာခိုင်နှုန်းအဖြစ် NUGပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ၃၈ရာခိုင်နှုန်းအဖြစ် NUCC၊  ၃၆ရာခိုင်နှုန်းအဖြစ် NUGလက်အောက်ခံမဟုတ်တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ ၃၁ရာခိုင်နှုန်းအဖြစ် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA, TNLAနဲ့ AAတို့နဲ့ UWSAနဲ့ ၂၈ရာခိုင်နှုန်းအဖြစ် K3Cမဟာမိတ်အဖွဲ့တွေဖြစ်ကြတဲ့ CNF, KIO, KNPP,KNUတို့ပါဝင်ပါတယ်။

ree

ယုံကြည်မှုမရှိတဲ့ အနီရောင်စာရင်းထဲမှာ‌တော့ ရာခိုင်နှုန်း ၈၀နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မှူးကြီးမင်းအောင်လှိုင်က အများဆုံးဖြစ်ပြီး ၇၇ရာခိုင်နှုန်းအဖြစ် မြန်မာ့တပ်မတော်(စစ်တပ်)၊ ၇၅ ရာခိုင်နှုန်းအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)၊ ၇၂ ရာခိုင်နှုန်းအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UEC၊ ၇၀ ရာခိုင်နှုန်းအဖြစ် စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေ၊ ၄၄ ရာခိုင်နှုန်းအဖြစ် နိုင်ငံရေးပါတီ၊ ၁၂ ရာခိုင်နှုန်းအဖြစ် ဘာသာရေးခေါင်းဆောင်တွေနဲ့ ၈ ရာခိုင်နှုန်းအဖြစ် အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

 

အခုစစ်တမ်းကို “မြန်မာ့နွေဦးတော်လှန်ရေးလေးနှစ်တာကာလ။ ပစ္စုပ္ပန် နှင့် အနာဂါတ်အလားအလာအပေါ် လူအများ၏ သဘောထားအမြင်” ဆိုတဲ့ခေါင်းစဉ်နဲ့ အခုနှစ် မတ်လအတွင်းမှာ ရန်ကုန်နဲ့နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၅ခုက မြို့နယ် ၂၃၇ ခုမှာကောက်ယူခဲ့တာလို့ သိရပါတယ်။ 

ree

ဖြေဆိုသူ နိုင်ငံသား ၂,၈၀၈ဦးပါဝင်ကာ အဲ့ဒီထဲက ၁,၈၃၁ ဦးက အသက် ၁၈ကနေ ၃၅နှစ်ကြား လူငယ်တွေ ပါဝင်ဖြေဆိုခဲ့ကြတာဖြစ်ပြီး ရန်ကုန်က ၄၄မြို့နယ်နဲ့ မြို့နယ်အရေအတွက် အများဆုံးကောက်ယူထားတာကို တွေ့ရပါတယ်။

ပြည်သူလူထုရဲ့သဘောထားအမှန်ကို သိရှိနားလည်နိုင်ဖို့ရည်ရွယ်ပြီး ဒီစစ်တမ်းကိုကောက်ယူခဲ့တာဖြစ် တယ်လို့လည်း အစီရင်ခံစာအနှစ်ချုပ်မှာ ဖော်ပြထားပါတယ်။

 

ပုံစာ-ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၁၅ ဒီဇင်ဘာ ၂ရက်ကတွေ့ဆုံခဲ့ပုံ(ဓါတ်ပုံ-AFP)

 

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page