top of page

ပုလဲပကဖ ထိန်းသိမ်းထားတဲ့ BNRAရဲဘော်တွေကို ထုတ်ပြ၊ မုန့်ဖိုးပေးမယ်ဟုဆို

  • Writer: BVJ
    BVJ
  • Feb 25
  • 1 min read

မိုနာ/BVJ_ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆

တပ်ရင်းမှူးဗိုလ်စွမ်းတင်ထားတဲ့ BNRAရဲဘော်တွေကိုအားပေးစကားပြောနေတဲ့ ဗီဒီယိုဖိုင်က ဓါတ်ပုံများ။
တပ်ရင်းမှူးဗိုလ်စွမ်းတင်ထားတဲ့ BNRAရဲဘော်တွေကိုအားပေးစကားပြောနေတဲ့ ဗီဒီယိုဖိုင်က ဓါတ်ပုံများ။

ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော်-BNRAကရဲဘော်တွေကို ဖမ်းဆီးထောင်ချဖို့မဟုတ်ဘဲ လမ်းမှားမရောက်အောင် ခဏထိန်းသိမ်းထားတာဖြစ်တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ရင်းမှူး ဗိုလ်စွမ်းက ဒီနေ့ ဖေဖော်ဝါရီ ၂၅ရက် နေ့လယ်မှာ သူ့ရဲ့လူမှုကွန်ရက်ကနေပြောလာပါတယ်။

 

ဗိုလ်စွမ်းဒီနေ့ဖော်ပြခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ BNRAတပ်ဖွဲ့ဝင်တွေကိုအားပေးစကားပြောနေတာတွေ့ရပြီး မုန့်ဖိုးပေးမယ်လို့လည်း ပြောနေပါတယ်။

 

“BNRA ရဲဘော်များကို ဖမ်းဆီးထောင်ချဖို့မဟုတ်ပါဘူး။ သူတို့ဆရာလို ကိုယ့်လိပ်ပြာကိုယ်မလုံပြီး​ လမ်းမှားရောက်မှာစိုးလို့ ခဏထိန်းသိမ်းပြီး လမ်းမှန်ကမ်းမှန်ရောက်အောင် အားပေးစကားပြောရင်း

အချိန်တန်ရင် မုန့်ဖိုးပေးဖို့ စီစဥ်နေပါတယ်”လို့ ဗိုလ်စွမ်းကပြောထားပါတယ်။

 

တပ်ရင်းမှူးဗိုလ်စွမ်းတင်ထားတဲ့ BNRAရဲဘော်တွေကိုအားပေးစကားပြောနေတဲ့ ဗီဒီယိုဖိုင်က ဓါတ်ပုံများ။
တပ်ရင်းမှူးဗိုလ်စွမ်းတင်ထားတဲ့ BNRAရဲဘော်တွေကိုအားပေးစကားပြောနေတဲ့ ဗီဒီယိုဖိုင်က ဓါတ်ပုံများ။

အခုထိန်းသိမ်းထားတဲ့သူတွေဟာ အယောက် ၇၀‌ကျော်ရှိကြောင်းနဲ့ မုန့်ဖိုးကိုအိမ်ပြန်တဲ့အချိန်မှာပေးမယ်လို့လည်း ဗီဒီယိုထဲမှာပြောနေတာတွေ့ရပါတယ်။

 

“မင်းတို့ ဒီစခန်းမှာ...ဟိုဟာ..လုပ်တဲ့အချိန်မှာပါဝင်တဲ့သူတွေကိုလည်း မုန့်ဖိုးပေးဖို့အစီအစဉ်ရှိတယ်။...မုန့်ဖိုးကိုအခု‌ပေးလိုက်ရင် မင်းတို့ပျောက်တာဘာညာဖြစ်သွားမှာစိုးလို့ အိမ်ပြန်တဲ့အချိန်မှာပေးမယ်နော်။ ပြန်ရမှာမပူနဲ့ပြန်ရမှာ ခဏလေးပဲ၊ မင်းတို့ကအေးဆေးပဲနော်”လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ရင်းမှူး ဗိုလ်စွမ်းကပြောပါတယ်။

 

BNRAတပ်ဖွဲ့ဝင်တွေအနေနဲ့စိတ်မကုန်လို့ တော်လှန်ရေးဆက်လုပ်မယ်ဆိုလည်း မှန်ကန်တဲ့အဖွဲ့အစည်းကိုရွေးချယ်ဖို့ဆိုပြီး ပြောနေပါတယ်။

 

တပ်ရင်းမှူးဗိုလ်စွမ်းတင်ထားတဲ့ BNRAရဲဘော်တွေကိုအားပေးစကားပြောနေတဲ့ ဗီဒီယိုဖိုင်က ဓါတ်ပုံများ။
တပ်ရင်းမှူးဗိုလ်စွမ်းတင်ထားတဲ့ BNRAရဲဘော်တွေကိုအားပေးစကားပြောနေတဲ့ ဗီဒီယိုဖိုင်က ဓါတ်ပုံများ။

ယင်းမာပင်ခရိုင်တပ်ရင်း တာဝန်ရှိသူတစ်ဦးကတော့ ဗိုလ်နဂါးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရတာတွေလည်းရှိသလို လက်နက်ချအလင်းဝင်လာသူတွေလည်းအများကြီးရှိကြောင်းနဲ့ လက်နက်ချအလင်းဝင်လာသူတွေကို ဘာမှမလုပ်ဘူးလို့ Burma VJကိုပြောပါတယ်။

 

“တချို့လည်းကြောက်ပြီး ပုန်းအောင်းနေတာတွေရှိပါတယ်။ တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီး ကယ်ထုတ်ပေးနေပါတယ်”

 

BNRAတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်နဂါးဟာ အခုလ ၁၈ရက်မှာစစ်အုပ်စုဆီ လက်နက်ချအလင်းဝင်သွားပြီးနောက်မှာ ဗိုလ်နဂါးတပ်ဖွဲ့ဝင်တွေနဲ့ဗိုလ်နဂါးနေထိုင်ရာနေရာတွေကို ပုလဲဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက ရှာဖွေဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၉ရက်မှာတော့ BNRAအဖွဲ့ထုတ်ပေးထားတဲ့ လက်နက်တွေကိုကိုင်ဆောင်ထားတဲ့ရဲဘော်တွေအနေနဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ခရိုင်/မြို့နယ် ပကဖအဖွဲ့တွေဆီကိုချိတ်ဆက်ပြီး လက်နက်လာရောက်အပ်နှံကြဖို့ကို ယင်းမာပင် ပကဖကကြေညာခဲ့ပါတယ်။

 

NUGပြည်ထဲရေးက ဖေဖော်ဝါရီ ၁၈ရက်ညက ဗိုလ်နဂါးအမှုတွေနဲ့ပတ်သက်ပြီးထုတ်ပြန်တဲ့ အရေးပေါ်ထုတ်ပြန်ချက်ထဲမှာတော့ ဗိုလ်နဂါးတပ်ဖွဲ့ဝင် ၁၅၀ခန့်ဟာ PDFနဲ့ပကဖတွေဆီကိုချိတ်ဆက် အဖမ်းခံခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းနဲ့လက်နက်အပ်နှံခြင်းတို့ကို ပြုလုပ်နေပြီလို့ဖော်ပြထားပြီး အဲ့ဒီနောက်ပိုင်း ဖမ်းဆီးရမိတဲ့အရေအတွက်ကိုတော့ ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။

 

 

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page