top of page

ဘွန်ဒီကမ်းခြေပစ်ခတ်မှုမှာ ​သေနတ်ဝင်လုတဲ့သူရဲကောင်းအတွက် ရန်ပုံငွေကောက်ခံမှု ၂၄နာရီအတွင်း အမေရိကန်ဒေါ်လာ ၁.၂သန်းကျော်ရရှိထား

  • Writer: BVJ
    BVJ
  • Dec 16, 2025
  • 1 min read

အေတီ/BVJ_ ဒီဇင်ဘာ ၁၅၊ ၂၀၂၅

ဆီးရီးယားကရွှေ့ပြောင်းအခြေချလာသူ အာမက် သေနတ်သမားကိုဝင်လုံးတဲ့မြင်ကွင်း
ဆီးရီးယားကရွှေ့ပြောင်းအခြေချလာသူ အာမက် သေနတ်သမားကိုဝင်လုံးတဲ့မြင်ကွင်း

တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့တဲ့ သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့က ဘွန်ဒီကမ်းခြေပစ်ခတ်မှုမှာ အကြမ်းဖက်သမားလက်ထဲကသေနတ်ဝင်လုခဲ့တဲ့ အာမက်အယ်လ်အာမက်အတွက် GoFundme ကတဆင့် ရန်ပုံငွေကောက်ခံမှုတခုပြုလုပ်ခဲ့တာမှာ ၂၄နာရီအတွင်း အမေရိကန်ဒေါ် လာ၁.၂သန်းကျော်ရရှိသွားပြီလို့ သိရပါတယ်။ အဲ့ဒီငွေထဲမှာ အမေရိကန်ဘီလျံနာ William Ackmanထည့်ဝင်တဲ့ သြဇီဒေါ်လာတစ်သိန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၆သောင်းငါးထောင်လဲ ပါပါတယ်။


အကြမ်းဖက်သမားနှစ်ဦးထဲက တစ်ဦးရဲ့သေနတ်ကို အာမယ်အယ်အာမက် ဝင်လုခဲ့တဲ့ဗီဒီယိုကို ကမ္ဘာတစ်ဝှမ်းကမီဒီယာတွေကနေထုတ်လွှင့်ပြသခဲ့ပြီး နာရီပိုင်းအတွင်း လူမှုကွန်ယက်မှာကြည့်ရှုသူ ၂၂သန်းကျော်ထိရောက်ခဲ့ပါတယ်။


ကမ်းခြေမှာအပမ်းဖြေနေတဲ့သူတွေကို စိန်ပြေနပြေပစ်ခတ်နေတဲ့ သေနတ်သမားကိုဝင်လုံး လက်ထဲကသေနတ်ကိုလု အကြမ်းဖက်သမားကိုသေနတ်နဲ့ ပြန်ချိန်တဲ့မြင်ကွင်းက အာမက်ရဲ့အသက်စွန့်စားကယ်တင်မှုကို ဗီဒီယိုထဲမှာတွေ့ရပါတယ်။


သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ဘွန်ဒီကမ်းခြေမှာ ဂျူးလူမျိူးတွေ Hanukkah ပွဲလုပ်နေချိန်မှာ ဆာဂျစ်အာခရမ် အသက်၅၀နဲ့ သူ့သားနာဗီဒ်တို့က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ၁၅ ဦးအနည်းဆုံးသေဆုံးခဲ့ပြီး လူအများအပြားဒဏ်ရာရခဲ့ပါတယ်။

အာမက်ရဲ့ စွန့်စားကယ်တင်မှုကို သြစတြေလျဝန်ကြီးချုပ် Anthony Albaneseက ဒီနေ့တနင်္လာနေ့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ချီးကျူးခဲ့သလို New South Wales ပြည်နယ်အုပ်ချုပ်ရေးမှူး ခရစ်မင်းကလည်း ဆေးရုံမှာအားပေးစကားသွားပြောခဲ့ပါတယ်။


အသက်၄၃နှစ် အာမက်အယ်လ်အာမက်ဟာ ၂၀၀၆ခုနှစ်က ဆီးရီးယားနိုင်ငံကရွှေ့ပြောင်းလာတဲ့သူဖြစ်ပြီး သစ်သီးဆိုင်ပိုင်ရှင် အသက်၄၃နှစ် ကလေးနှစ်ယောက်ဖခင် ဖြစ်ပါတယ်။

New South Wales ပြည်နယ်အုပ်ချုပ်ရေးမှူး ခရစ်မင်းက အာမက်ကိုဆေးရုံမှာအားပေးစကားသွားပြော
New South Wales ပြည်နယ်အုပ်ချုပ်ရေးမှူး ခရစ်မင်းက အာမက်ကိုဆေးရုံမှာအားပေးစကားသွားပြော

အာမက်ဟာမတရားတာတွေ့ရင် ရပ်ကြည့်နေတတ်တဲ့သူမျိုးမဟုတ်ကြောင်း ဆီးရီးယားကနေ သြစတြေးလျကိုရောက်လာတာလပိုင်းပဲရှိသေးတဲ့ သူ့ရဲ့ အဖေနဲ့အမေကပြောပါတယ်။ သေနတ်ဝင်လုတဲ့အချိန် အခြားသေနတ်သမားတစ်ဦးရဲ့ပစ်ခတ်မှုကြောင့် အာမက်သေနတ်ဒဏ်ရာ ၅ချက်ရသွားပြီး အရေးပေါ်ကုသမှုခံယူခဲ့ရပြီးနောက် စိုးရိမ်ရတဲ့အခြေအနေကျော်လွန်သွားပြီလို့ သိရပါတယ်။


အာမက်ရဲ့အဖေနဲ့အမေဟာ ပြီးခဲ့တဲ့လပိုင်းကမှ ဆီးရီးယားကနေ သြစတြေးလျကိုရောက်လာတဲ့သူတွေဖြစ်ပြီး၊ အာမက် သြစတြေးလျနိုင်ငံကို ၂၀၀၆ခုနှစ်က ရောက်လာကတည်းက ခွဲနေရတာလို့ပြောပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page