ရှမ်း-မန်းစစ်ဆင်ရေးမှာ တာဝန်ပြီးဆုံးလို့ ပြန်လာတဲ့ BLDF ရဲဘော်တွေကို ဒေသခံတွေကြိုဆို
- BVJ

- May 24
- 1 min read
BVJ/ဇော် _ မေ ၂၄ ၊ ၂၀၂၅

ရှမ်း-မန်းစစ်ဆင်ရေးကနေ တာဝန်ပြီးဆုံးလို့ပြန်လာတဲ့ BLDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) က မနေ့က မေ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) ရဲ့ ကွပ်ကဲမှုနဲ့ ရှမ်း-မန်း စစ်ဆင်ရေးတာဝန်တွေကို (၆) လနီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သတ်မှတ်ကာလပြီးဆုံးလို့ အညာဒေသ အခြေစိုက်နယ်မြေတွေကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရှမ်း-မန်းစစ်ဆင်ရေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းဒေသတို့မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုနဲ့အတူ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တမူးဒေသမှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ပြီးတဲ့ ရဲဘော်တွေလည်း မိခင်အခြေစိုက်နယ်မြေတွေကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
မန္တလေးဒေသနဲ့ တမူးဒေသ စစ်ဆင်ရေးတို့မှာ BLDF မှ ကျဆုံးရဲဘော် (၄) ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ (၁၂) ဦး ရှိခဲ့ပြီး ပြန်လည်ရောက်ရှိလာတဲ့ တိုက်ပွဲပြန် ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။



































Comments