ဘေကျင်းစစ်ရေးပြပွဲမှာ နျူကလီးယားလက်နက်တွေထုတ်ပြ
- BVJ

- Sep 3
- 1 min read
BVJ_ စက်တင်ဘာ ၃၊ ၂၀၂၅

တရုတ်နိုင်ငံ၊ ဘေကျင်းမြို၊ တိန့်အန်မင်ရင်ပြင်မှာ ဒီနေ့ စက်တင်ဘာ ၃ရက်မှာကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အခမ်းအနားမှာ တရုတ်ရဲ့စစ်ဘက်ဆိုင်ရာ လက်နက်တွေဖြစ်တဲ့ တင့်ကား၊ ဒရုန်းတွေ၊ တာဝေးပစ်နျူကလီးယားစွမ်းရည်ရှိတဲ့ H6 ဗုံးကြဲလေယာဉ်တွေ၊ နျူကလီးယားစွမ်းရည်ရှိ ဒုံးကျည်တွေနဲ့ တိုက်လေယာဉ်နဲ့ ကိုယ်ပျောက်လေယာဉ်တွေကို ပြသခဲ့ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

အဲ့ဒီအခမ်းအနားကိုမြန်မာစစ်ခေါင်းဆောင်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကခေါင်းဆောင် ၂၆ဦး တက်ရောက်ခဲ့ကြပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကမိန့်ခွန်းပြောခဲ့ပါတယ်။

ဒီအခမ်းအနားကိုတက်ရောက်ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေကို လိုက်လံနှုတ်ဆက်နေတာကိုလည်း မြင်တွေ့ရပါတယ်။
ဓါတ်ပုံ-Xinhua







Comments