top of page

ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် ရာထူးကနှုတ်ထွက်

  • Writer: BVJ
    BVJ
  • Nov 10
  • 1 min read

အေတီ/ BVJ_နိုဝင်ဘာ ၁၀၊ ၂၀၂၅

ree

ဒေါ်နယ်ထရမ့်ရဲ့ မိန့်ခွန်းတည်းဖြတ်ဖော်ပြမှုနဲ့ပတ်သက်ပြီး ဘီဘီစီညွှန်ကြားရေးမှုးချုပ်တင်ဒေးဗီးဟာ ရာထူးကနှုတ်ထွက်သွားပါတယ်။ တင်ဒေးဗီး ရာထူးကနှုတ်ထွက်မှုဟာ ယူကေအခြေစိုက်ဘီဘီစီသတင်းဌာနဟာ ရာနှူန်းပြည့်သတင်းအမှားတွေထုတ်လွှင့်နေတဲ့သတင်းဌာနလို့ အမေရိကန်သမ္မတထရမ့်ရဲ့ပြန်ကြားရေး အတွင်းရေးမှူးကပြောကြားခဲ့ပြီး တစ်ပတ်အကြာမှာဖြစ်ပွားခဲ့တာပါ။


၂၀၂၁ခုနှစ်က အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်အဆောက်အဦးတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့တဲ့နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြောကြားခဲ့တဲ့ မိန့်ခွန်းကိုတည်းဖြတ်ဖော်ပြခဲ့တဲာနဲ့ပတ်သက်ပြီး ဘီဘီစီညွှန်ကြားရေးမှူးချုပ်ရာထူးက နှုတ်ထွက်သွားတာဖြစ်ပါတယ်။


၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ရှုံးနိမ့်ပြီးနောက်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကိုအားပေးအားမြှောက်ပြုသလိုမျိုး၊ ၂၀၂၁ခုနှစ် ဇန်နဝါရီ၆ရက်နေ့မှာပြောကြားခဲ့တဲ့ ထရမ့်ရဲ့ မိန့်ခွန်းကို ဘီဘီစီ Panorama အစီအစဥ်မှာ တည်းဖြတ်ဖော်ပြမှုနဲ့ပတ်သက်ပြီး ဘီဘီစီညွှန် ကြားရေးမှူးချုပ်တင်‌ဒေးမီနဲ့ သတင်းဌာနအကြီးအကဲ ဒက်ဘိုရာတာနက်စ်တို့ တနင်္ဂနွေနေ့က ရာထူးကနှုတ်ထွက်သွားပါတယ်။


အမှားပြုလုပ်ခဲ့မှုအတွက် “အဓိကတာဝန်”ယူတယ်လို့ တင်ဒေးဗီးကပြောကြားခဲ့ပြီး၊ ငါးနှစ်ကြာဦးဆောင်ခဲ့တဲ့ ဘီဘီစီသတင်းဌာနကနေ့ သူ့ဆုံးဖြတ်ချက်နဲ့သူနှုတ်ထွက်ခဲ့တာလို့ ပြောပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ပတ်သက်တဲ့ အဲ့ဒီဗီဒီမှတ်တမ်းကို ပြီးခဲ့တဲ့နှစ် အမေရိကန်ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလိုမှာ ဘီဘီစီ Panorama အစီအစဥ်ကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။


October Films Ltd ကထုတ်လုပ်ပြီး ဘီဘီစီ Panorama အစီအစဥ်က မနှစ်က ထုတ်လွှင့်ခဲ့တဲ့ A Second Chance? အမည်နဲ့ ဒေါကူမန်ထရီထဲမှာ ဒေါနယ်ထရမ့်က “ကွန်ဂရက်လွှတ်တော် အဆောက်အဦးထဲလျှောက်ဝင်သွားပြီး ခင်ဗျားတို့နဲ့အတူ ကျွန်တော်တိုက်ပွဲဝင်သွားမယ်။ အပြင်းအထန်တိုက်ခိုက်သွားမယ်လို့ ပြောခဲ့ပါတယ်” ဖော်ပြခဲ့ပြီး ထောက်ခံသူတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြစေချင်တယ်လို့ ထရမ့်ပြောခဲ့တဲ့အပိုင်းကို ဖြတ်ထုတ်လိုက်တာကြောင့်မလိုလားအပ်တဲ့ပုံစံဘက်ကို ဦးတည်သွားတယ်လို့ ဝေဖန်တဲ့သူတွေက ပြောပါတယ်။


ယူကေအစိုးရ ယဥ်ကျေးမှု၊မီဒီယာနဲ့ အားကစားဝန်ကြီး လီဆာနန်ဒီကလည်း အခုစွပ်စွဲခံရမှုဟာကြီးမားလေးနက်ပြီး၊ သတင်းတချို့ကိုတင်ပြရာမှာ ဘီဘီစီအဖွဲ့အစည်းအတွင်းမှာ ဘက်လိုက်မှုတွေရှိနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။


ဟားမက်စ်နဲ့ အစ္စရေးအစိုးရကြားဖြစ်ပွားနေတဲ့ ဂါဇာအရေးနဲ့ပတ်သက်တဲ့ သတင်းတွေဖော်ပြမှုမှာလည်း ဘီဘီစီသတင်းဌာနရဲ့ ဘက်လိုက်ဖော်ပြမှုနဲ့ ဝေဖန်မှုတွေခံနေရပြီး ကွန်ဆာဗေးတစ်ပါတီက ရှဲဒိုးနိုင်ငံခြားရေးဝန်ကြီး ပရီတီပတပ်တဲကလည်း ဘီဘီစီသတင်းဌာနကထောက်ပံ့နေတဲ့ BBC Arabic ဌာနရဲ့ ရန်ပုံငွေကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။


တင်ဒေးဗီးဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ ဘီဘီစီသတင်းဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး၊အဲ့မတိုင်ခင်က ဘီဘီစီစတူဒီရီယိုတွေရဲ အမှုဆောင်အရာရှိချုပ်အဖြစ် ခုနစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page