တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ဗန်းမောက်မြို့နား တိုက်ပွဲပြင်းထန်နေ
- BVJ
- 2 hours ago
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၂၅၊ ၂၀၂၅

ပြီးခဲ့တဲ့ရက်ပိုင်းက တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်-ရှမ်းနီးတပ်SNA ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား နှစ်ဘက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။
ဗန်းမောက်မြို့နဲ့ ၃မိုင်လောက်အကွာမှာရှိတဲ့ SNAတပ်စခန်းတွေကို တော်လှန်ရေးပူး ပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ မြေပြငင်စစ်ရေးနဲ့နီးစပ်သူတစ်ဦးက Burma VJကို ပြောပါတယ်။
“ဗန်းမောက်မြို့ရဲ့ အနောက်တောင်ဘက် ဇလုံတောင်သွားတဲ့လမ်းဘက်မှာရှိတဲ့ ခမုံးကျေးရွာမှာတိုက်ပွဲဖြစ်နေတာ။ မြို့ပေါ်မှာတော့ တိုက်ပွဲဖြစ်တာမရှိဘူး။ ကိုယ့်လူတွေထိန်း ထားတယ်။တိုက်ပွဲကတော့မြို့ပြင် မှာဖြစ်နေတာ”
စစ်ကောင်စီဘက်ကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးတဝိုက်ကို လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်တာတွေရှိနေပြီး အရပ်သားသေဆုံးဒဏ်ရာရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
“၂၃ရက်နေ့ ည၈နာရီလောက်မှာ တိုက်ပွဲဖြစ်နေတဲ့ ခမော်ဦးဘက်ကိုဗုံးကြဲတာရှိတယ်။ အဲနေ့ည ၁၂နာရီကျော်လောက်မှာပဲ တိုက်ပွဲမရှိတဲ့နေရာ ဗန်မောက်တောင်ပိုင်းကို လယ်ကျင်းကို ဗုံးကြသွားတာရှိတယ် ဂျက်ဖိုက်တာနဲ့ပေါ့နော်၊ အဲ့မှာ အဖိုးကြီး၊အဖွားကြီး နှစ်ယောက်ဆုံးသွား တာရှိတယ်။ ကလေးတယောက်ဒဏ်ရာရတယ်”လို့ စစ်ရေးနီးစပ်သူကပြောပါတယ်။
ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ၂၀ရက်နေ့မှာမြို့ပေါ်ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့ပါတယ်။
ဒါပေမယ့် SNAရဲ့တပ်စခန်းတချို့ကိုသိမ်းပိုက်ဖို့ကျန်နေသေးတာကြောင့် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Comments