ဗန်းမောက်မြို့သိမ်းတိုက်ပွဲ ခြောက်ရက်အတွင်း PDFရဲဘော် ၆ ဦးကျဆုံးခဲ့
- BVJ
- Sep 22
- 1 min read
မိုနာ/BVJ_ စက်တင်ဘာ ၂၂၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ကသာခရိုင် ဗန်းမောက်မြို့ကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲအတွင်းမှာ တိုက်ပွဲဝင် PDFရဲဘော် (၆)ဦး ကျဆုံးခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
အခုလ ၁၅ရက်က စတင်ခဲ့တဲ့မြို့သိမ်းစစ်ဆင်ရေး တိုက်ပွဲဟာ ၂၀ရက်မှာမြို့သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီနဲ့ရှမ်းနီတပ်SNAပူးပေါင်းတပ်တွေဆီက လက်နက်ခဲယမ်းတွေလည်းရရှိခဲ့တယ်လို့ သိရပါတယ်။
"ရန်သူ့ဘက်မှ SNA ဗိုလ် (၁)ဦးအပါ အလောင်း (၇) လောင်းအား ရရှိခဲ့သည်။ဗန်းမောက်မြို့သိမ်းတွင် မိမိတို့ဘက်မှ ရဲဘော် (၆) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရဲဘော် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်"လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်းမှာ ဗျူဟာမှူးရဉ်ထွန်းဦးစီးတဲ့ SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ခန့် အခြေချနေထိုင်တဲ့ မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတတ်ရေးသင်တန်းကျောင်း (နသလ)တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်သူ့ဆီကနေ G-3 (၂) လက်၊ Uzi (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနဲ့ အခြားဆက်စပ်ပစ္စည်းတွေသိမ်းမိပြီး ကြောင်လည်ရွာစခန်းကုန်းကနေ ဗန်းမောက်မြို့ကိုစစ်ကူလာတဲ့ ကား (၁) စီးပါ ရန်သူ့စစ်ကြောင်းကိုလည်း ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့သလို ကားကိုလည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ အမှတ် (၁)စစ်ဒေသက ဖော်ပြပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနဲ့ ကသာခရိုင်ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းတွေ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့တွေ (ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖ) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ရွှေချောင်းရွာ၊ပင်းဟင်းခါးရွာနဲ့ သာယာကုန်းရွာတို့မှာကာကင်းထိုင်ထားပြီး အများစုက ဗန်းမောက်မြို့နယ်မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနဲ့အနောက်တောရွာကို ဆုတ်ခွာပူးပေါင်းသွားတယ်လို့ အမှတ်(၁) စစ်ဒေသက သိရပါတယ်။
လက်ရှိမှာတော့ SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ရွှေချောင်းရွာ၊ပင်းဟင်းခါးရွာနဲ့ သာယာကုန်းရွာတို့မှာကာကင်းထိုင်ထားပြီး အများစုက ဗန်းမောက်မြို့နယ်မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနဲ့အနောက်တောရွာကို ဆုတ်ခွာပူးပေါင်းသွားတယ်လို့ အမှတ်(၁) စစ်ဒေသက သိရပါတယ်။
Comments