top of page

ဗန်းမောက်မြို့ပြန်ရရေး စစ်အုပ်စုအပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေ

  • Writer: BVJ
    BVJ
  • Oct 10
  • 1 min read

BVJ/ဂျိုး_အောက်တိုဘာ ၁၀၊ ၂၀၂၅

ree

ပြီးခဲ့တဲ့စက်တင်ဘာလက တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်-ရှမ်းနီးတပ်SNA ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေကြား နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။

 

လက်ရှိမှာတော့ ဗန်းမောက်မြို့ရဲ့ အနောက်ဘက် ၅မိုင်လောက်အကွာမှာရှိတဲ့ စက်တောကျေး ရွာဘက်တွေမှာ နှစ်ဘက်တိုက်ပွဲတွေအကြီးအကျယ်ပြင်းထန်နေတယ်လို့ ဗန်းမောက်စစ်ရေး ရင်းမြစ်တစ်ဦး ကပြောပါတယ်။

 

“လက်ရှိကတော့ စက်တောရွာဘက်မှာဖြစ်နေတယ်။ စကစဘက်က အနောက်ခြမ်းကို အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတာ။ တိုက်ပွဲကတော့ဗန်းမောက်မြို့သိမ်းပြီးကတည်း ကတောက်လျောက်ဖြစ်နေတာပေါ့နော်။ ကိုယ်ကစစ်ပန်းလို့ခဏနားတာလောက်ပဲရှိ တယ်”လို့ ပြောပါတယ်။

 

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ စက်တောကျေးရွာဟာ တော်လှန်ရေးပူးပေါင်းတပ်တွေစိုးမိုထားတဲ့ နေရာြဖစ်ပေမယ့် လက်ရှိမှာတော့စစ်ကောင်စီ-ရှမ်းနီပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး ကျေးရွာအတွင်းဝင်ရောက်လာပြီလို့လည်း သိရပါတယ်။

 

“စက်တောဆိုတာ ကျနော်တို့ဘက်ကစိုးမိုးထားတဲ့နေရာပေါ့နော်။ဗန်းမောက်မြို့သိမ်းပြီး ကတည်းကကိုယ်ကဟိုအနောက်ခြမ်း ရွှေချောင်းတို့၊ ပင်ဟင်းခါးတို့ အဲ့အထိထိုးလိုက်နိုင်တယ်။ အခုနောက်ပိုင်းမှာက သူတို့ကဒရုန်းတွေရော စစ်ကောင်စီရဲ့ တပ်မ ၃၃ရယ် ဟုန်းမလင်းဘက်က လာတဲ့စစ်ကူတွေရော ထိုးစစ်ဆင်လာတာ အခုစက်တောအထိရောက်ပြီပေါ့နော်” လို့ပြောပါတယ်။

 

အခုလိုတိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့စက်တောကျေးရွာဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး မပြေးဘဲကျန်ခဲ့တဲ့ရွာခံတချို့ကိုလည်း စစ်ကောင်စီနဲ့ ရှမ်းနီးတပ်တွေက ဖမ်းဆီးခေါင်ဆောင်သွားတာတွေရှိတယ်လို့လည်း ပြောပါတယ်။

 

ဒါ့အပြင်စစ်ကောင်စီက ဗန်းမောက်မြို့အနောက်ခြမ်းအပါအဝင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရှေ့ခြမ်းတွေကိုပါ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ၂၀ရက်နေ့မှာမြို့ပေါ်ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့ပါတယ်။

အဲ့ဒီနောက်ဗန်းမောက်မြို့ကိုပြန်လည်ရရှိဖို့ စစ်ကောင်စီဘက်က မြေပြင်အင်အားအလုံးအရင်းနဲ့ ပြန်ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်းအဆက်မပြတ်ဗုံးကြဲပြီးတော့ အပြင်းအထန်ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

 



 

 

 


 



 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page