ပဲခူးမှာစစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရပြီး သေဆုံးသူများ၊ ၁၂ဦးဖမ်းမိ
- BVJ
- 1 day ago
- 1 min read
ယူဂရင်း/BVJ_ အောက်တိုဘာ ၁၆၊ ၂၀၂၅

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို PDFတွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင့် ၁၅ဦးထက်မနည်းသေဆုံးပြီး ၁၂ဦး ဖမ်းမိခဲ့တယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ နေ့လယ်မှာထုတ်ပြန်ပါတယ်။
မနေ့က အောက်တိုဘာ ၁၅ရက် မနက်ဆယ်နာရီအချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုနဲ့ အမှတ် (၃၈၀၂) တပ်ရင်း၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တို့ကလုပ်ဆောင်တာလို့ သိရပါတယ်။

ဒါ့အပြင် လက်နက်အစုံ (၁၉)လက်၊ ခဲယမ်းတွေနဲ့စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်း PDFရဲဘော်တွေဘက်ကအထိအခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Comments