top of page

မန္တလေးတိုင်းလွှတ်တော်ဥက္ကဌ အိုးဘိုထောင်တွင်းကွယ်လွန်၊ ရုပ်အလောင်းပြန်သယ်ခွင့်မပြု

  • Writer: BVJ
    BVJ
  • Jun 27
  • 1 min read

BVJ/အိုင်းရစ် _ ဇွန် ၂၇ ၊ ၂၀၂၅

ree

စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထောင်ချခံရထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးဟာ ဒီနေ့ ဇွန် ၂၇ ရက် မနက်ပိုင်းက အိုးဘိုအကျဉ်းထောင်တွင်းမှာ ကွယ်လွန်ခဲ့ပါတယ်။


စစ်ကောင်စီကထောင်ဒဏ် ၅ နှစ်ချမှတ်ထားတဲ့ အသက် ၆၉ နှစ်အရွယ် ဦးအောင်ကျော်ဦးဟာ အိုးဘိုထောင်ဆေးရုံမှာသေဆုံးသွားတာဖြစ်ပြီး ရုပ်အလောင်းကို အိမ်ပြန်သယ်ခွင့်မပေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Burma VJ ကို ပြောပါတယ်။


“ဒီမနက် ၇ နာရီလောက်မှာမောလာပြီး ဆေးရုံကိုသွားခဲ့ပေမဲ့ အခုလိုဆုံးပါးသွားတာလို့သိရတယ်။ Dead Body ကိုတော့ ထောင်ကအိမ်ပြန်သယ်ခွင့်မပေးဘူးလို့ သိရတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။


ဦးအောင်ကျော်ဦးဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၂၁ ဖော်ဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီနောက် ၂၀၂၁ ဒီဇင်ဘာလကုန်ပိုင်းမှာ ဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မနဲ့ ထောင် ၂ နှစ်၊ စုစုပေါင်း ၅ နှစ် ထောင်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်က မန္တလေးတိုင်းဝန်ကြီးချုပ်၊ NLD ပါတီဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်အောင် (၇၃ နှစ်) ထောင်တွင်း ကင်ဆာရောဂါဝေဒနာခံစားရချိန် ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိခဲ့တာကြောင့် ကွယ်လွန်ခဲ့ရပါသေးတယ်။


ဦးဇော်မြင့်မောင် ကွယ်လွန်ပြီး တစ်လခန့်အကြာမှာ NLD အစိုးရလက်ထက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၇၄ နှစ်အရွယ် ဦးဝင်းခိုင်လည်း ၂၀၂၄ နိုဝင်ဘာ ၈ ရက်က အိုဘိုးအကျဉ်းထောင်အတွင်း နှလုံးရောဂါနဲ့ ဆီးချိုဝေဒနာကြောင့် ကျန်းမာရေးဆိုးရွားလာကာ ကွယ်လွန်ခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page