top of page

ဧရာဝတီ၊မကွေးမှာ စစ်ကောင်စီနဲ့AA တိုက်ပွဲပြင်းထန်နေ 

  • Writer: BVJ
    BVJ
  • Sep 11
  • 1 min read

BVJ/ဂျိုး_စက်တင်ဘာ ၁၁ ၊ ၂၀၂၅

ree

ဧရာဝတီတိုင်း- ရခိုင်နယ်စပ်၊ မကွေးတိုင်း-ရခိုင်နယ်စပ်တွေက အာရက္ခတပ်တော်-AA သိမ်းပိုက်ထားတဲ့နေရာတွေကို စစ်ကောင်စီကအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲအကြီးအကျယ်ပြင်းထန်နေတယ်လို့ AAဘက်က မနေ့က ထုတ်ပြန်ပါတယ်။

 

မကွေးတိုင်း၊ ငဖဲမြို့နယ် စွန်တက်ကျေးရွာအနီးမှာရှိတဲ့ အာရက္ခတပ်တော်-AA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ရက်နေ့မှာ တစ်ကြိမ်၊ ၇ရက်နေ့မှာတစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲအတွင်း AAရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေကြောင့် စစ်ကောင်စီတပ်သား အလောင်း ၆၀နဲ့ လက်နက်ခဲယမ်းတော်တော်များများ သိမ်းဆည်းမိခဲ့တယ်လို့ AAကဖော်ပြပါတယ်။

 

ဒါ့အပြင် စက်တက်ဘာလ ၇ရက်နေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီဟာနောက်ထပ်စစ်ကြောင်းတစ်ခုနဲ့ AAတပ်ဖွဲ့ဝင်တွေကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် သုံးနာရီကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးခန့်သေဆုံးကာ လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းဆည်းမိခဲ့ပါတယ်။

ဧရာဝတီတိုင်း-ရခိုင်အစပ်က ရိုးတောင်အနီးအနားနေရာတွေဖြစ်တဲ့ စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တဝိုက်နေရာတွေကို စစ်ကောင်စီကအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ တောက်လျောက်ပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်-AAရဲ့ မနေ့က ထုတ်ပြန်ချက်မှာဖော်ြပထားပါတယ်။

 

စစ်ရှုံးစစ်ကောင်စီဆီမှာ ပုံစံအမျိုးမျိုးနဲ့ အတင်းအဓမ္မ စုဆောင်ထားသင်တန်းပေးခံထားရတဲ့ စစ်မှုထမ်းသစ်တွေအနေနဲ့ စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာ ရမှာြဖစ်တာကြောင့် ဘယ်နေရာမှာမဆို လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေးလာရောက်နိုင် တယ်လို့လည်း AAဘက်က သတိပေးထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page