top of page

စစ်အုပ်စုဂိတ်ကို ထောက်လှမ်းရေးရဲဘော်တစ်ဦးထဲဝင်တိုက်

  • Writer: BVJ
    BVJ
  • Feb 6
  • 1 min read

◼️တပ်ကြပ်တစ်ဦးသေဆုံးပြီး သေနတ်နှစ်လက်နဲ့ကျည်တွေရခဲ့


အယ်နာ/BVJ_ဖေဖော်ဝါရီ ၆ ၊၂၀၂၆

ရရှိခဲ့တဲ့ သေနတ်နှစ်လက်။
ရရှိခဲ့တဲ့ သေနတ်နှစ်လက်။

ပဲခူးတိုင်း ၊ ဇေယျဝတီမြို့ ဇေယျဝတီသကြားစက်အနီးက စစ်အုပ်စုရဲ့ဂိတ်စခန်းတစ်ခုကို ဧရာဝတီ အမှတ် ၃ တပ်ရင်း (ဟင်္သာတခရိုင် ၊အမှတ် ၂ တပ်ရင်း)က ထောက်လှန်းရေးရဲဘော်တစ်ယောက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ စစ်အုပ်စုဘက်ကတပ်ကြပ်တစ်ယောက်သေဆုံးပြီး သေနတ် နှစ်လက်နဲ့ကျည်တွေရရှိခဲ့တယ်လို့ သိရပါတယ်။


အဲ့ဒီဂိတ်စခန်းကို မနေ့က ဖေဖော်ဝါရီ ၅ ရက် ညနေလေးနာရီခွဲအချိန်မှာ ထောက်လှမ်းရေးရဲဘော်တစ်ယောက်ထဲက 9MMပစ္စတိုတစ်လက်နဲ့ဝင်တိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း MA3တစ်လက် ၊ MA 11တစ်လက် ၊ ကျည်ဘောက်နှစ်ခုနဲ့ကျည်အတောင့် ၄၀ ရခဲ့သလို ရဲဘော်လည်းအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဧရာဝတီ အမှတ် ၃ တပ်ရင်းက သိရပါတယ်။


ဂိတ်ထဲဝင်ရောက်တိုက်ချိန်အတွင်းမှာ ဂိတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက်ပဲရှိနေပြီး ဘေးပတ်ဝန်းကျင်ကအိမ်တွေထဲမှာတော့ အရက်စုသောက်နေတဲ့တပ်ဖွဲ့ဝင် ၈ ယောက်လောက်ရှိကြောင်းနဲ့ အဲ့ဒီဂိတ်ဟာ ပုံမှန်အားဖြင့် စစ်ကောင်စီတပ်သားနှစ်ယောက်စောင့်လေ့ရှိပြီး တစ်ယောက်ကကွမ်းယာသွားဝယ်နေချိန်ကို သတင်းယူပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဧရာဝတီ အမှတ် ၃ တပ်ရင်းရဲ့ တာဝန်ရှိသူက BVJ ကိုပြောပါတယ်။


"လက်ရှိ ဂိတ်ကဆက်ချထားတယ်။ လုံခြုံရေးကတော့ တော်တော်လေးတင်းကြပ်ပြီးစစ်‌နေတာတွေရှိတယ်။ မနေ့ကမှဖြစ်စဉ်ဖြစ်ခဲ့တာဆိုတော့ ကျန်တဲ့အချက်အလက်တွေကျွန်တော်တို့ စုံစမ်းရဦးမှာပါ"
ဧရာဝတီ အမှတ် ၃ တပ်ရင်း တပ်ဖွဲ့ဝင်များ။
ဧရာဝတီ အမှတ် ၃ တပ်ရင်း တပ်ဖွဲ့ဝင်များ။

အဲ့ဒီမှာ ဂိတ်ချထားတာ နှစ်ပတ်လောက်သာရှိသေးပြီး ဂိတ်စချကထဲက ထောက်လှမ်းရေးသတင်းအချက်အလက်တွေ တိတိကျကျစုဆောင်းပြီးကြိုတင်ပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။


တချို့အချိန်တွေမှာ အရပ်သားပြည်သူတွေကစစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ နီးနီးကပ်ကပ်ရှိနေတာမျိုးတွေလည်း ကြုံခဲ့တဲ့အတွက် စစ်ဆင်ရေးမလုပ်လိုက်ရတဲ့အခြေအနေတွေရှိတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့နီးနီးကပ်ကပ်မနေကြဖို့ကို တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page