top of page

ရန်ကုန်၊ပဲခူး၊ချင်းတပ်ဖွဲ့တို့ပူးပေါင်းပြီး ပဲခူးနောက်ခြမ်းရှိ စစ်အုပ်စုတပ်စခန်းတခုကို သိမ်းပိုက်

  • Writer: BVJ
    BVJ
  • Dec 19, 2025
  • 1 min read

BVJ/ဂျိုး_ဒီဇင်ဘာ ၁၉၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ဘက်ခြမ်း လက်ပံတန်းမြို့နယ် ဆင်တလင်းကျေးရွာမှာရှိတဲ့ စစ်အုပ်စုတပ်စခန်းတခုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ရက်နေ့မှာ အရှိုချင်းကာကွယ်ရေးတပ်-ACDFနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် ACDFပြောခွင့်ရ ဆလိုင်းခနီလေဗွေကပြောပါတယ်။


“ဆင်တလင်းကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ စစ်အုပ်စုတပ်စခန်းကို ကျနော်တို့ ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တာ ပြီးတော့စခန်းတခုလုံးကိုလည်း ကျနော်တို့ရှင်းလင်းရေးလုပ်နိုင်ခဲ့တယ်”လို့ ဆလိုင်းခနီလေဗွေက Burma VJကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်ကဆင်တလင်းစခန်းကိုဦးစီးတဲ့ ဒုရဲအုပ်အပါအဝင် တပ်သား ၁၈ ဦးကျဆုံးပြီး လက်နက်ခဲယမ်းတွေနဲ့စစ်သုံးဆောင်ပစ္စည်းတချို့ကိုရရှိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် ACDFရဲ့ ထုတ်ပြန်ချက်မှာဖော်ြပထားပါတယ်။


တိုက်ပွဲအတွင်း ရန်သူဘက်က ၁၈ ဦးကျဆုံးပြီး ၊ MA1- ၄လက်၊ MA3- ၆လက်၊ G3- ၁လက်၊ ခြောက်လုံးပြူး -၁ လက်၊ G3 ကျည်ဘောက် ၁ခု၊ MAကျည်ဘောက် ၂၁ခု၊ အတိုကျည်(၅)တောင့်၊ ဦးထုပ်(၇)လုံး၊ 5.56ကျည် (၂၁၉) တောင့်၊ အီကွေးမန့် (၃)ခု ၊ Vest (၁)ခု၊ Mobile Phone (၄)လုံးတို့ကိုသိမ်းဆည်းရရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် (၄)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


အဲဒီတိုက်ပွဲကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ (၂) ကွပ်ကဲမှုနဲ့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ရင်း (၃) ၊ သာယာဝတီခရိုင် ၃၈ဝ၃ တပ်ရင်း(Myanmar Defense Force)၊သာယာဝတီခရိုင် ၃၈ဝ၂ တပ်ရင်းက တပ်ခွဲ -၂ ၊တပ်ခွဲ -၃ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေတန်းမြေ သာယာဝတီခရိုင် ပကဖ တပ်ဖွဲ့ (၁)နဲ့ တပ်ဖွဲ့ (၂) ၊ လက်ပံတန်း အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ရန်ကုန်ပကဖ အထူးတိုက်ခိုက်ရေး တပ်ခွဲ (၃) တို့ ပူပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း အရှိုချင်းကာကွယ်ရေးတပ် ACDFရဲ့ ထုတ်ပြန်ချက်မှာဖော်ြပထားပါတယ်။


ပုံစာ- ဆင်တလင်းစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းများနဲ့ တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့ဝင်များ

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page