top of page

စစ်ကောင်စီအကြမ်းဖက်မှုတွေကို ကူညီနေတဲ့ အာဆီယံထိပ်တန်းသူဌေးကြီး ၁၂ ဦး

  • Writer: BVJ
    BVJ
  • May 23, 2025
  • 2 min read

BVJ/အိုင်းရစ် _ မေ ၂၃ ၊ ၂၀၂၅


မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် စစ်ရာဇဝတ်မှုလုပ်ရပ်တွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အကူအညီပေးနေတဲ့ အာဆီယံထိပ်တန်းသူဌေးကြီး (၁၂)ဦးကို Justice For Myanmar (JFM) က ထုတ်ပြန်ခဲ့ပြီး ဒီအထဲမှာ မြန်မာနိုင်ငံသားနှစ်ဦးလည်း ပါဝင်နေပါတယ်။


စစ်ကောင်စီကို လက်နက်ခဲယမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာအထောက်အပံ့ အကူအညီတွေပေးနေတဲ့ အာဆီယံထိပ်တန်းသူဌေးကြီးတွေထဲမှာ ထိုင်းနိုင်ငံက သုံးဦး၊ ဗီယက်နမ်နိုင်ငံက နှစ်ဦး၊ မြန်မာ နှစ်ဦးနဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့က တစ်ဦးစီ ပါဝင်နေတယ်လို့ JFM က ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ သိရပါတယ်။


စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေရဲ့ အကြမ်းဖက်မှုတွေကိုကူညီနေတဲ့ ထိပ်တန်းသူဌေးကြီးတွေ ထဲမှာ ဘယ်သူတွေပါဝင်နေပါသလဲ။


၁။ ရောဘတ်ကော့ခ် ((Robert Kuok) ၊ မလေးရှား။


မြန်မာစစ်တပ်နဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာ စီးပွားရေးဆက်ဆံမှုတွေရှိခဲ့ပြီး ရန်ကုန်မြို့မှာရှိတဲ့ ရှန်ဂရီလာဟိုတယ်လုပ်ငန်းစု၊ Sule Square လုပ်ငန်းတွေမှာ မြေငှားစာချုပ်တွေကို စစ်အုပ်စုနဲ့ လက်မှတ်ရေးထိုးထားသူလည်း ဖြစ်ပါတယ်။ ရှန်ဂရီလာဟိုတယ်လုပ်ငန်းစေနဲ့ အပန်းဖြေစခန်းတွေ မြန်မာစစ်အုပ်စုနဲ့ စီးပွားရေးပတ်သက်ဆက်နွယ်မှုတွေရှိနေပေမဲ့ အခုချိန်ထိ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု မခံရသေးပါဘူး။



၂။ ချယ်ရင်းန်သျှီရိဝတ္ထနာဘဒ္ဒိ (Charoen Sirivadhanabhakdi) ၊ ထိုင်း


ထိုင်းနိုင်ငံရဲ့ တတိယအချမ်းသာဆုံးပုဂ္ဂိုလ် ThaiBev နဲ့ Fraser အဖျော်ယမကာကော်ပိုရေးရှင်း တည်ထောင်သူလည်းဖြစ်တဲ့ ချယ်ရင်းန်သျှီရိဝတ္ထနာဘဒ္ဒိဟာ မြန်မာနိုင်ငံတွင်း ThaiBev ကုမ္ပဏီခွဲ ဖွင့်လှစ်ထားပြီး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၄ မီလီယံ ပေးချေခဲ့ပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းသစ်တွေ တိုးချဲ့လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။



၃။ ချတ်ချိုင်းရန်ဘမ်ဝေါင် (Chatchai Yenbamroong) ၊ ထိုင်း


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ စီးပွားရေးအလုပ်အမှုဆောင်ဟောင်းတစ်ဦးလည်းဖြစ်၊ သက်ဆင်ရှင်နာဝပ်ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် သူဌေးကြီးတစ်ဦးလည်းဖြစ်တဲ့ ချတ်ချိုင်းရန်ဘမ်ဝေါင်ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ ရဲတံခွန်ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းနဲ့ ပိုက်လိုင်းကို မလေးရှားနဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေဆီက လက်လွှဲရယူခဲ့ပြီး အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို စစ်ကောင်စီနဲ့အတူ ဆက်လက်လုပ်ကိုင်နေပြီး စစ်အုပ်စုဝင်ငွေရလမ်းကို ထောက်ပံ့ကူညီပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။



၄။ နေအောင် ၊ International Group of Entrepreneurs (IGE) ၊ မြန်မာ

မြန်မာစစ်တပ်ကို ကာလရှည်ထောက်ပံ့ပေးနေတဲ့ ခရိုနီလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင်း ဘဏ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေး၊ စွမ်းအင်နဲ့ ဟိုတယ်လုပ်ငန်းတွေကို လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ Lotte Hotel လုပ်ငန်းစုထဲမှာ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ ပါဝင်နေပြီး ယူနိုက်တက်အမရဘဏ် (UAB) ဘဏ်ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ခရိုနီလုပ်ငန်းရှင် နေအောင်ဟာ ကနေဒါနိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုကို ခံထားရသူတစ်ဦးဖြစ်သလို သူဟာ စစ်ကောင်စီ အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ ညီအစ်ကိုတော်စပ်သူတစ်ဦးလည်းဖြစ်ကာ နာမည်ဆိုးနဲ့ထင်ရှားတဲ့ မြန်မာစစ်တပ် ဒုတိယဗိုလ်မှူးကြီး အောင်သောင်းရဲ့ သားတစ်ဦးလည်း ဖြစ်ပါတယ်။



၅။ အောင်မျိုးမင်းဒင် ၊ မြန်မာ



စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီးဖြစ်သူ ဒေါ်ကြူကြူလှရဲ့တပည့်ဟောင်းတစ်ဦးလည်းဖြစ်ပြီး စစ်ခေါင်းဆောင်မိသားစုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ Adventure Myanmar Group and the Amazing Group of Companies ကို တည်ထောင်သူတစ်ဦးလည်းဖြစ်ပြီး ရခိုင်ပြည်နယ် ငပလီကမ်းခြေမှာရှိတဲ့ Amazing Ngapali Resort ပိုင်ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဟိုတယ်တည်ဆောက်ဖို့အတွက် ဒေသခံမြေနေရာတွေကို စစ်အုပ်စုနဲ့ ပူးပေါင်းကာ အတင်းအဓမ္မရယူခဲ့တာလည်း ဖြစ်ပါတယ်။



၆။ Edwin Soeryadjaya (အင်ဒိုနီးရှား)


၂၀၂၁ ဇန်နဝါရီကနေ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော်တန်ဖိုးရှိတဲ့ ရေနံစည်ပေါင်း ၂ သန်းကျော်ကို Goldpetrol ကနေတဆင့် စစ်ကောင်စီထံ တင်ပို့ပေးခဲ့သူတစ်ဦးလည်း ဖြစ်ကာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လောင်စာဖြည့်ပေးနေခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ စင်ကာပူအခြေစိုက် Interra Resource Ltd ကို ပိုင်ဆိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ Interra Resource Ltd ဟာ Goldpertrol Joint Operation Company Inc ရဲ့ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကျန် ၄၀ ရာခိုင်နှုန်းကို တရုတ်အစိုးရပိုင် NORINCO က ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။



** ကျန်ရှိနေသေးတဲ့အာဆီယံထိပ်တန်းသူဌေးကြီး ၆ ဦးရဲ့အချက်အလက်တွေကိုလည်း ဆက်လက်ဖော်ပြသွားပါမယ်။


(မှတ်ချက်။ Justice For Myanmar က ဖော်ပြထားတဲ့ အာဆီယံထိပ်တန်းသူဌေးကြီး ၁၂ ဦးရဲ့ အချက်အလက်တွေကို ပြန်လည်စုစည်းဖော်ပြခြင်း ဖြစ်ပါတယ်။)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page