၂ဂိုးအရှုံးကနေနောက်ကလိုက်ကစားပြီး အာဂျင်တီးနား ကွာတားဖိုင်နယ်တက်
- BVJ

- Jul 8
- 1 min read
အာဂျင်တီးနား ၃- ၂ အီဂျစ်

လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ အီဂျစ်အသင်းကို ၂ဂိုးရှုံးနေတာကနေနောက်ကလိုက်ကစားပြီး ပွဲပြီးခါနီး ဒဏ်ရာရအချိန်ပို ၉၂မိနစ်မှာ ဖာနန်ဒက်စ်သွင်းယူပေးခဲ့တဲ့ခေါင်းတိုက်ဂိုးနဲ့အနိုင်ရပြီး ကွာတားဖိုင်နယ်တက်သွားပြီဖြစ်ပါတယ်။
အီဂျစ်အသင်းက ပထမပိုင်း ၁၅မိနစ်မှာ ယာဆာအီဘရာဟင်ရဲ့ ဦးဆောင်ဂိုးသွင်းခဲ့ပြီး ၂၁မိနစ်မှာရတဲ့ပင်နယ်တီကို အသင်းခေါင်းဆောင်မက်ဆီလွဲချော်သွားတဲ့အတွက် အာဂျင်တီးနားတို့ချေပဂိုးရဖို့အခွင့်အရေးလက်လွတ်ခဲ့ရပါတယ်။
ပထမပိုင်းပြီးတဲ့အချိန်ထိ အီဂျစ်ကတစ်ဂိုးအသာနဲ့ဦးဆောင်နေပြီး ၆၇မိနစ်မှာ တန်ပြန်တိုက်စစ်ကတဆင့် ဇစ်ကိုကနောက်တစ်ဂိုးသွင်းယူခဲ့တဲ့အတွက် နှစ်ဂိုးအသာနဲ့ဦးဆောင်နေပါတယ်။ ချေပဂိုးကို မက်ဆီက ၈၃မိနစ်မှာကန်သွင်းခဲ့ပေးခဲ့ပြီး ၉၂မိနစ်မှာ ဖာန်ဒန်ဒက်စ်ကအနိုင်ဂိုးသွင်းယူပေးတဲ့အတွက် အာဂျင်တီးနားတို့အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အာဂျင်တီးနားအသင်းကိုဖိအားပေးပြီး ခြေစွမ်းပြဦးဆောင်ဂိုးတွေသွင်းနိုင်ခဲ့တဲ့မိုဆာလာဦးဆောင်တဲ့ အီဂျစ်အသင်းရဲ့ခြေစွမ်းကချီးကျူးစရာဖြစ်ခဲ့ပါတယ်။ အီဂျစ်အသင်းရဲ့ ဒုတိယဂိုးကိုပယ်ဖျက်လိုက်တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာမှားယွင်းတယ်လို့ တချို့ကမြင်ကြပါတယ်။

လက်ရှိအချိန်အထိ ၂၀၂၆ကမ္ဘာ့ဖလားပြိုင်မှာ ၈ဂိုးသွင်းယူထားပြီး ဂိုးသမားဆုံးသွင်းထားသူအဖြစ်ရပ်တည်နေတဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ကမ္ဘာ့ဖလားသမိုင်း နောက်ဆုံးအဆင့် (Knockout Stage) ပွဲစဉ် ၆ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ် ။အာဂျင်တီးနားအသင်းဟာကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန် သို့မဟုတ် ကိုလံဘီယာတို့အသင်းနဲ့ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။




Comments