top of page

ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးရေးဖိအားပေးဖို့ အာဆီယံကို APHRတောင်းဆို

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

မိုနာ/BVJ_ဇူလိုင် ၂၁၊ ၂၀၂၆

မနီလာမြို့မှာကျင်းပနေတဲ့ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး(ဓါတ်ပုံ-ASEAN)
မနီလာမြို့မှာကျင်းပနေတဲ့ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး(ဓါတ်ပုံ-ASEAN)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြရေး အာဏာသိမ်းစစ်အစိုးရကိုဖိအားပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နဲ့ တီမော သမ္မတတို့ကို လူအခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR)က မနေ့က ဇူလိုင် ၂၀ရက် ရက်စွဲနဲ့စာပို့တောင်းဆိုလိုက်ပါတယ်။


ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့မှာကျင်းပနေတဲ့ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (AMM)ကို နိုင်ငံခြားရေးဝန်ကြီးတွေစုဝေးရောက်ရှိနေချိန်မှာ အခုလိုစာပေးပို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မနီလာမြို့မှာကျင်းပနေတဲ့ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး(ဓါတ်ပုံ-ASEAN)
မနီလာမြို့မှာကျင်းပနေတဲ့ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး(ဓါတ်ပုံ-ASEAN)

APHRရဲ့ပေးပို့စာထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြန်မာနိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ခြင်းနဲ့ခြွင်းချက်မရှိလွှတ်ပေးရေးကို အာဆီယံအနေနဲ့ အာဏာသိမ်းစစ်အစိုးရကို ဖိအားပေးဖို့တောင်းဆိုထားပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အာဏာသိမ်းစစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံရာမှာ ဒေါ်အောင်ဆန်းစုကြည်မိသားစုဝင်၊ ရှေ့နေတွေ၊ ဆေးဘက်ဆိုင်ရာပညာရှင်တွေနဲ့ လွတ်လွတ်လပ်လပ်တွေ့ဆုံခွင့်ကိုမဖြစ်မနေလုပ်ရမယ့်လုပ်ဆောင်ချက်အဖြစ် သတ်မှတ်ပေးဖို့ကိုလည်းတောင်းဆိုဖို့ တိုက်တွန်းထားပါတယ်။


ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဆီယံကအရေးယူဖို့အတွက် တီမောသမ္မတအနေနဲ့ဖိအားပေးပြောဆိုမှုတွေပြုလုပ်ပေးဖို့ APHRကတိုက်တွန်းထားပါတယ်။


APHRရဲ့စာထဲမှာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းနဲ့ဘေးကင်းကြောင်းအတည်ပြုနိုင်တဲ့အထောက်အထားရရှိရေးက အရေးကြီးကြောင်းကိုလည်းပြောထားပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page