top of page

အာဖဂန်နစ္စတန်မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှု လူ ၈၀၀ ကျော် သေဆုံး

  • Writer: BVJ
    BVJ
  • Sep 2
  • 1 min read

အေတီ/BVJ_ စက်တင်ဘာ ၁၊ ၂၀၂၅

ree

တနင်္ဂနွေနေ့ ညသန်းခေါင်ယံမတိုင်ခင်က အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာ ပြင်းအား ၆.၀ မဂ္ဂနီကျု့အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့ပြီး လူ ၈၀၀ ကျော်သေဆုံးကာ ၃၀၀၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။


သေဆုံးမှုအများစုက ကူနာပြည်နယ်မှာဖြစ်ပွားခဲ့ပါတယ်။ ရွာလုံးကျွတ်ပျက်စီးသွားတာတွေရှိတာကြောင့် သေဆုံးသူအရေအတွက်သိသိသာသာ မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူတွေကသတိပေးထားပါတယ်။


ငလျင်ဗဟိုချက်က ဝေးလံခေါင်သီတဲ့တောင်ထူထပ်တဲ့ဒေသမှာဖြစ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဖို့အခက်အခဲတွေရှိနေပါတယ်။


“ပျက်စီးမှုအတိုင်းအတာက မှန်းဆလို့မရနိုင်ဘူး” လို့ တာလီဘန်အရာရှိတစ်ဦးက ပြောပါတယ်။

ree

အာဖဂန်နစ္စတန်ဟာ ပြင်းထန်တဲ့မိုးခေါင်ရေရှားမှုတွေ၊ အကူအညီတွေဖြတ်တောက်ခံရတာတွေနဲ့ ငတ်မွတ်မှုအကျပ်အတည်းတွေရင်ဆိုင်နေရချိန်မှာ ဒီလိုငလျင်လှုပ်ခတ်မှုနဲ့ ထပ်ကြုံလာရတာဖြစ်ပါတယ်။


ဒေသစံတော်ချိန် ၂၃း၄၇ (ဂရင်းနစ်စံတော်ချိန် 19:47 GMT)မှာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ပဉ္စမမြောက် အကြီးဆုံးမြို့ နန်ဂါဟာပြည်နယ်အရှေ့ဘက်ရှိ Jalalabad မြို့ အရှေ့ဘက် ၁၇ မိုင်အကွာမှာ တနင်္ဂနွေနေ့က ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ree

ငလျင်လှုပ်တဲ့နေရာက ရွာအများစုဟာတရွာလုံးနီးပါး ငလျင်ထဲပါသွားပြီး အပျက်အစီးအပုံအောက် ပိတ်မိနေတဲ့သူတွေအများကြီးရှိနေတယ်လို့ သိရတယ်။ ‌

အဲ့ဒီဒေသမှာပြီးခဲ့တဲ့ရက်ပိန်းကမှ ရေကြီးမြေပြိုတာတွေဖြစ်ထားတဲ့အတွက် လမ်းတွေပိတ်နေပြီး ခရီးသွားလာရေးကလည်း အခက်အခဲတွေရှိနေပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page