top of page

AAကို ကြောက်လန့်ခဲ့ကြောင်း အလင်းဝင်စစ်ကောင်စီတပ်သား ဖွင့်ဟ

  • Writer: BVJ
    BVJ
  • Jul 21
  • 1 min read

BVJ/ ဂျိုး၊ ဇူလိုင်-၂၁၊ ၂၀၂၅

ပုံစာ - AAထံအလင်း၀င်လာတဲ့ စစ်တွေမြို့တပ်မ ၅၅က တပ်သား နိုင်၀င်းစိုး
ပုံစာ - AAထံအလင်း၀င်လာတဲ့ စစ်တွေမြို့တပ်မ ၅၅က တပ်သား နိုင်၀င်းစိုး

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား နှစ်ဘက်စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ အတွင်းရှိ တပ်မ(၅၅)က တပ်သားတစ်ဦးဟာ အခုလ ဇူလိုင်လ ၁၀ရက်နေ့ကတည်းက အလင်းဝင်ရောက်ခဲ့တယ်လို့ အာရက္ခတပ်တော်-AAဘက်က မနေ့ကထုတ်ပြန်ထားပါတယ်။

 

အာရက္ခတပ်တော်-AAဘက်ကို အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား နိုင်ဝင်းစိုးဟာ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခံရတာလည်းဖြစ်တယ်လို့ အလင်းဝင်ရောက်လာတဲ့ တပ်သားနိုင်ဝင်းစိုးကပြောပါတယ်။

 

“ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ကျနော်ကို အိမ်အထိလာပြီး အတင်းပေါ်တာဆွဲပြီးတော့စစ်မှုထမ်းဖို့ လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။ အဲဒီကနေကျနော့်ကို ဘုရင့်နောင်စစ်ကြောရေးမှာ ၈ရက်ကြာထားတယ်။ ပြီးတော့ ရေးမွန်တပ်မြို့ အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း စိန်တင့်တင်မှာသင်တန်းတက်ခဲ့ရတယ်” လို့ သူကပြောပါတယ်။

 

စစ်သင်တန်းကာလ နှစ်လကြာမြင့်ပြီးနောက်မှာတော့ သင်္ဘောနဲ့စစ်တွေမြို့ကိုပို့ဆောင်ခံရပြီး တပ်မ ၅၅ရဲ့ ရှေ့ကာကင်း အမြင့်ကျွန်းကျေးရွာနားမှာ တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

 

“ကျနော်တို့အဲမှာဘာတွေလုပ်ရလဲဆိုရင် ဗန်ကာတွေဆောက်ရတယ် ဆက်သွယ်ရေးမြောင်းတွေတူးရတယ်၊ ဆက်သွယ်ရေးမြောင်းတွေတူးရတယ်၊ ဗုံးခိုကျင်းတွေတူးရတယ်၊ ပြီးတော့ သူတို့အာဏာနဲ့ခိုင်းတဲ့ ရွာတွေကိုဝင် အိမ်တွေလိုက်ဖျက်ရတယ်၊ ဘုန်ကြီးကျောင်းက တိုင်တွေကအစ ကျနော်တို့ အကုန်ဖျက်ရတယ်။ ကျနော်တို့မလုပ်ချင်တာကို ဖိအားပေးခိုင်းတယ် အစားအသောက်လည်း ကောင်းကောင်းမကျွေးဘူး”လို့ပြောပါတယ်။

 

စစ်ကောင်စီတပ်တွင်းမှာ ဖိနိုပ်တာတွေ အာဏာနဲ့ခိုင်းစေတာတွေရှိနေတာကြောင့် ထွက်ပြေးချင်နေတဲ့ စစ်ကောင်စီတပ်သားတွေ အများအပြားရှိနေတယ်လို့လည်း သူကဆက်ပြောပါတယ်။ တိုက်ပွဲအတွင်း ထွက်ပြေးတဲ့ သူတွေရှိရင်လည်း ထွက်ပြေးတဲ့သူတွေကို နောက်ကလိုက်ပြီးတော့ပစ်သတ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားသလို ဖုန်းတွေကိုလည်းသိမ်းထားပြီး အပြင်လောကနဲ့အဆက် အသွယ်ဖြတ်တောက်ထားတယ်လို့ တပ်သားနိုင်ဝင်းစိုးကပြောပါတယ်။

 

အာရက္ခတပ်တော်AAကို အရင်ကကြောက်လန့်ခဲ့ပေမယ့် အလင်းဝင်ရောက်ပြီးနောက်ပိုင်းမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အဝတ်အစားတွေ နေရာထိုင်ခင်းတွေပေးပြီး မိသားစုလို ကောင်း ကောင်းမွန်မွန်ထားပေးတာကြောင့် အလင်းဝင်ရောက်လိုသူတွေအနေနဲ့ ယုံယုံကြည်ကြည်နဲ့ လာရောက် အလင်းဝင်ကြဖို့လည်း တပ်သားနိုင်ဝင်းစိုးက တိုက်တွန်းထားပါတယ်။

 

တပ်သားနိုင်ဝင်းစိုးတာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တွေမြို့နယ်မှာတော့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AAကြား နှစ်ဘက်စစ်ရေးတင်းမာနေသလို ရံဖန်ရံခါထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေလည်းရှိနေတယ်။ စစ်တွေ မြို့ပတ်လည်က ကျေးရွာတွေကို အာရက္ခတပ်တော်AAဘက်က ထိန်းချုပ်ထားပြီး စစ်ရေးအ သင့်ပြင်ဆင်ထားသလို စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေ ရေကြောင်းပစ်ကူတွေနဲ့ စစ်တွေမြို့အနီးက ကျေးရွာတွေနဲ့ ပုဏ္ဏာကျွန်းမြို့နယ်ဘက်က မကြာခဏဆိုသလို ရမ်းပစ် နေတာတွေလည်းရှိပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့ကလည်း အမ်း-ပဒန်းစစ်မြေပြင်ကနေ စစ်ကောင်စီတပ်သား အောင်သက်ထွန်းနဲ့ တပ်သားနေလင်းအောင်းတို့နှစ်ဦးလည်း AAဘက်ကို အလင်းဝင်ရောက်ခဲ့တာရှိပါတယ်။ အာရက္ခတပ်တော်AAအနေနဲ့ ရခိုင်ပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေအတွင်း ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ်ဖမ်းထားပြီး ပြန်လွှတ်ပေးတာတွေလည်းရှိနေပါတယ်။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page