အေအေပစ်ခတ်မှုအတွင်း စစ်သင်္ဘောတစ်စီးနစ်မြုပ်

4 days ago
1 min read
BVJ_အောက်တိုဘာ ၁၉၊ ၂၀၂၆
"ရခိုင်ပြည်နယ်၊စစ်တွေ ခမောင်းတောမှာ စစ်အုပ်စုစစ်သင်္ဘောတစီးကို AAတပ်ဖွဲ့က နှစ်မြုပ်"ဆိုတဲ့ခေါင်းစဥ်နဲ့ အာရက္ခတပ်တော်-AAတပ်ဖွဲ့ကိုထောက်ခံအားပေးနေတဲ့ ပေ့ချ်တစ်ခုကနေ ပြီးခဲ့တဲ့မိနစ်ပိုင်းကတင်ထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။
ခမောင်းတောရွာဟာ စစ်တွေမြို့မြောက်ဘက်အထွက်မြို့အဝင်ဂိတ်ဖြစ်တဲ့ မင်းချောင်းတံတားနဲ့အလွန်နီးကပ်တဲ့နေရာမှာတည်ရှိပြီး စစ်တွေမြို့ကိုအဓိကခံစစ်အဖြစ်ကာကွယ်ထားတဲ့ ရွှေမင်းဂံရေတပ်စခန်းနဲ့မူ ၂ မိုင် (၃ ကီလိုမီတာ)ခန့်သာကွာဝေးပါတယ်။
လက်ရှိမှာတိုက်ပွဲတွေဟာ စစ်တွေမြို့နယ်အစပ်ကနေပြီး စစ်တွေမြို့တွင်းပိုင်းအထိတဖြည်းဖြည်းတိုးကပ်လာနေပြီး ခမောင်းတောရွာအနီးရှိ စစ်အုပ်စုကာကင်းစခန်းအချို့ကို AAကထပ်မံသိမ်းပိုက်ရရှိထားပါတယ်။
ဗီဒီယိုခရက်ဒစ်- We love ULA




Comments