AAနဲ့ပတ်သက်တယ်ဆိုပြီး ရခိုင်အမျိုးသား ၆ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဖမ်းဆီးထား
- BVJ

- Sep 24
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၂၄၊ ၂၀၂၅

ဘင်္ဂလားဒေ့ချ်နိုင်ငံ၊စစ်တကောင်းတောင်တန်းဒေသမှာနေထိုင်တဲ့ ရခိုင်ဒေသခံအမျိုးသား ၆ ဦးကို အာရက္ခတပ်တော်-AAနဲ့ဆက်စပ်တယ်ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ရက်နေ့ကဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ စစ်တကောင်းတောင်တန်းဒေသ ရွာတော်မြို့နယ်၊ မြင်းချောင်းကျေးရွာ နေထိုင်သူတွေဖြစ်ပြီး တောထဲကိုအမဲလိုက်သွားချိန် အခုလို ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ ဖမ်းဆီးတာ ကိုခံလိုက်ရတာဖြစ်တယ်လို့ ရခိုင်အခြေစိုက် APNသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်ဘက်ကတော့ လက်ရှိဖမ်းဆီးထားတဲ့ ရခိုင်လူမျိုး ၆ဦးဟာ AA တပ်ဖွဲ့ဝင်တွေဖြစ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးရမိတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာ ပြောဆိုထားပါတယ်။
ဒါပေမယ့်လည်း လက်ရှိဖမ်းဆီးခံထားရသူတွေဟာ စစ်တကောင်းတောင်တန်းဒေသ ရွာတော်မြို့နယ်၊ မြင်းချောင်းကျေးရွာနေထိုင်တဲ့ သာမာန်အရပ်သားတွေဖြစ်ပြီး အာရက္ခတပ်တော်နဲ့လည်းဆက်စပ်မှုမရှိဘူးလို့ ဒေသခံတွေကပြောဆိုကြောင်းကို APNသတင်းမှာဖော်ပြပါတယ်။

ဒါ့အပြင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဘက်ကပြောဆိုထားတဲ့ လက်နက်တွေနဲ့အတူဖမ်းမိတယ် ဆိုတာဟာလည်း အမဲလိုက်ရာမှာအသုံးပြုတဲ့ လေသေနတ်တစ်လက်နဲ့ ဓားသုံးချောင်းသာဖြစ်တယ်လို့ ဒေသခံတွေကပြောထားပါသေးတယ်။







Comments