top of page

စစ်တပ်အာဏာသိမ်းနောက်ပိုင်း လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၃၀၀၀ကျော်အထိ သေဆုံးမှုရှိလာ 

  • Writer: BVJ
    BVJ
  • Oct 1
  • 1 min read

BVJ/ဂျိုး_အောက်တိုဘာ ၁၊ ၂၀၂၅

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ ပိုင်ရပ်ရွာအတွင်းကစာသင်ကျောင်းကို ၂၀၂၅၊ ဇွန် ၉ရက်က လေကြောင်းဗုံးကြဲပြီးနောက် မြင်တွေ့ရပုံ။
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ ပိုင်ရပ်ရွာအတွင်းကစာသင်ကျောင်းကို ၂၀၂၅၊ ဇွန် ၉ရက်က လေကြောင်းဗုံးကြဲပြီးနောက် မြင်တွေ့ရပုံ။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး ၂၀၂၅ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့အထိ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃၀၂၃ ဦးအထိသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPPရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

လက်ရှိစာရင်းမှာဖော်ြပထားတဲ့သေဆုံးသူတွေဟာ အမည်နဲ့တကွအတည်ပြုနိုင်သူတွေသာဖြစ်ပြီး အတည်ပြုဖို့လိုအပ်နေသေးတဲ့ သေဆုံးသူအနည်းဆုံး ၂၆၀၀ကျော်ကျန်ရှိနေသေးတယ်လို့လည်း ဒီနေ့ အောက်တိုဘာ ၁ရက် AAPPထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။

 

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ စစ်ပွဲအတွင်းလိုက်နာရမယ့်ကျင့်ဝတ်တွေကို မစောင့်ထိန်းဘဲ အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားသေဆုံးမှုတွေနေ့စဉ်မြင့်တက်နေတယ်လို့လည်း AAPPကဆိုထားပါတယ်။

 

လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့ဒေသတွေမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာ၊ ရပ်ကွက်တွေနဲ့ စစ်ဘေးဒုက္ခသည်တွေ အများဆုံးစုဝေးနေထိုင်တဲ့ ဘုန်းကြီးကျောင်း၊ ကလေးတွေ အများဆုံးရှိတဲ့ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်တာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့လည်းဖော်ပြပါတယ်။

 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ စစ်ပွဲမှာမပါဝင်နိုင်သူတွေကို ကာကွယ်စောင့်ရှောက်တာ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ မပြုလုပ်ဖို့ပြဋ္ဌာန်းထားပေမယ့် စစ်ကောင်စီအနေနဲ့ အရပ်ဘက်၊ စစ်ဘက် ခွဲခြားတာမရှိဘဲ တိုက်ခိုက်တာ၊ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာစတဲ့ အကြမ်းဖက်မှုမျိုးစုံကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့လည်း AAPPကပြောထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page