top of page

ရခိုင်နဲ့ဧရာဝတီတိုင်းက AAနဲ့PDFတပ်ဖွဲ့ဝင်တွေထွက်ပြေးပြီးအလင်းဝင်လာဟုဆို

  • Writer: BVJ
    BVJ
  • Nov 18
  • 1 min read

ယူဂရင်း/BVJ_နိုဝင်ဘာ ၁၈၊ ၂၀၂၅

ree

ရခိုင်ပြည်နယ်အတွင်းက မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ သံတွဲနဲ့ ဂွမြို့နယ်တို့က အာရက္ခတပ်တော်-AAတပ်ဖွဲ့ဝင်အမျိုးသား ၉ ယောက်နဲ့ ဧရာဝတီတိုင်း၊ မအူပင်၊ လေးမျက်နှာ၊ ဇလွန်၊ ကြံခင်းနဲ့ရေကြည်မြို့နယ်တို့က PDF တပ်ဖွဲ့ဝင် အမျိုးသား ၆ယောက်တို့ အလင်းဝင်လာတယ်လို့ စစ်အုပ်စုထိန်းချုပ်သတင်းစာတွေမှာ ဒီနေ့ဖော်ပြပါတယ်။


သူတို့တွေဟာ မနေ့က နိုဝင်ဘာ ၁၇ရက်မှာအလင်းဝင်လာတာဖြစ်ပြီး သူတို့၁၅ယောက်နဲ့အတူ မောင်းပြန်ရိုင်ဖယ် နှစ်လက်နဲ့လက်ပစ်ဗုံးတစ်လုံးပါလာတာကြောင့် သေနတ်နှစ်လက်အတွက် ဆုကြေး ကျပ်သိန်းတစ်ရာနဲ့ လက်ပစ်ဗုံးအတွက် ကျပ် သုံးသိန်းနဲ့ အလင်းဝင်လာသူတစ်ယောက်စီကိုလည်း ကျပ်သုံးသိန်းစီ ဆုကြေးပေးခဲ့တယ်လို့လည်း စစ်အုပ်စုကဖော်ပြပါတယ်။


သူတို့ကို ခံဝန်ထိုးခိုင်းပြီး မိဘတွေဆီကို တခါထဲပြန်အပ်လိုက်တယ်လို့လည်း စစ်အုပ်စုကပြောထားပေမယ့် အလင်းဝင်လာသူတွေနဲ့မျက်နှာတွေကိုတော့ ဖော်ပြထားခြင်းမရှိဘဲ အုပ်ထားပါတယ်။


ဒါ့အပြင် အလင်းဝင်လာသူတွေရဲ့ပြောစကားကိုလည်းဖော်ပြထားပြီး အဲ့ဒီထဲမှာ AAဆီကပြေးလာတယ်ဆိုတဲ့တပ်ဖွဲ့ဝင်ဆိုသူဟာ အစားအ‌သောက်ကောင်းကောင်းမစားရဘဲ ဆားနဲ့စားရတာတွေများတာကြောင့် အလင်းဝင်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းနဲ့ PDFဆိုသူကတော့ AAတွေကကင်းမစောင့်ဘဲသူတို့ကိုသာ ပထမစည်းမှာစောင့်ခိုင်းတာကြောင့် ထွက်ပြေးလာတယ်လို့ဆိုထားပါတယ်။

ree

အာရက္ခတပ်တော်-AAနဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ ရခိုင်နဲ့ထိစပ်နေတဲ့ ပဲခူး၊ဧရာဝတီနဲ့မကွေးအစပ်တို့မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာဖြစ်ပြီး အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်ကအလံဖြူထောင်၊ထွက်ပြေးလာတဲ့ တပ်သား ၇၀ကျော်ကိုဖမ်းမိထားကြောင်း အခုလ နိုဝင်ဘာ ၁၁ရက်ညမှာ အေအေကထုတ်ပြန်ထားပါသေးတယ်။


ဓါတ်ပုံ-AAနဲ့PDFအလင်းဝင်လာကြောင်း စစ်အုပ်စုထုတ်ပြန်ထားသောပုံနဲ့ ထွက်ပြေး၊အလင်းဝင်လာတဲ့စစ်အုပ်စုတပ်သားတွေကို ဖမ်းမိထားကြောင်း အေအေထုတ်ပြန်ထားသောပုံများ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page