AAနဲ့ဖြစ်တဲ့ ငဖဲတိုက်ပွဲမှာ စစ်ကောင်စီဘက်ကသေဆုံးမှုများ
- BVJ

- Aug 16
- 1 min read
ဇော်/BVJ_ဩဂုတ် ၁၆၊ ၂၀၂၅

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တတ်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်-AAတို့ မိနစ် (၃၀) ခန့်တိုက်ပွဲဖြစ်ပွားကာ အဲ့ဒီအတွင်းမှာ စစ်ကောင်စီဘက်ကတပ်သား (၂၀)ကျော်သေဆုံးပြီး စစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ AAက ဩဂုတ်လ ၁၅ ရက်ညမှာ အသိပေးထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ နေ့လယ် ၂း၅၄မိနစ်မှာ စွန်တတ်ကျေးရွာရဲ့ မြောက်ဘက် မီတာ (၃၀၀၀) ကျော်မှာရှိတဲ့ AA တပ်ဖွဲ့တွေရှိရာကို စစ်ကောင်စီတပ်မ (၉၉)လက်အောက်ခံတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ မိနစ်သုံးဆယ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်ကသေဆုံးသူ အယောက် ၂၀နဲ့ လက်နက်တွေကိုရရှိခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ရခိုင်-မကွေးတိုင်းအစပ်၊ ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်နဲ့ AA အခြေပြုလှုပ်ရှားနေတဲ့ နေရာတွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ရေးရည်မှန်းချက်အထမြောက်ဖို့အတွက် စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားထားတဲ့ နေရာတွေ၊ အပြီးသတ်မြို့သိမ်းတိုက်ပွဲကျန်နေသေးတဲ့နေရာတွေမှာ တစ်နှစ်ကိုးလကျော်ကြာလာတဲ့ ဒီနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာစာမျက်နှာတွေမှာ အထိနာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ကလူတွေကို လိုက်လံချေမှုန်းတိုက်ခိုက်နေတယ်လို့လည်း AA ကပြောထားပါတယ်။







Comments