top of page

ရခိုင်ရေပိုင်နက်ထဲငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇ ဦးကို AA ဖမ်းဆီးထား

  • Writer: BVJ
    BVJ
  • Nov 10
  • 1 min read

BVJ/ဂျိုး_နိုဝင်ဘာ ၆၊၂၀၂၅

ree

ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးက ရခိုင်ရေပိုက်နက်အတွင်းမှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား ၆ ဦးကို အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲဝင်တွေက မနေ့ နိုဝင်ဘာ၅ရက်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။


မနေ့ညနေ သုံးနာရီကျော်လောက်မှာ မောင်တောမြိုနယ်၊ အလယ်သံကျော်ချောင်းဝကမ်းစပ်အနီးမှာ ကျောက်ချရပ်တန့်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၆ ဦးပါဘုတ်တစီးကို အာရက္ခတပ်တော်-AA လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ APNသတင်းဌာနမှာဖော်ပြထားပါတယ်။


လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ငါးဖမ်းသမားတွေကို တရားဥပဒေနဲ့အညီစစ်ဆေးနေတယ်လို့သိရပတယ်။ အောက်တိုဘာ၂၉ရက်နေ့မှာ ၇ဦး၊ အောက်တိုဘာ၂၇ ရက်မှာလည်း ၄ဦးဖမ်းဆီးထားတဲ့ကြောင့် အာရက္ခတပ်တော်-AAကဖမ်းဆီးထားတဲ့ ငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အရေအတွက်က စုစုပေါင်း ၁၇ ဦး ရှိနေပြီဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page