top of page

ပဲခူး၊ဧရာဝတီနဲ့မ‌ကွေးတိုက်ပွဲတွေအတွင်း အလံဖြူထောင်၊ထွက်ပြေးလာသူ တပ်သားသစ် ၇၀ ခန့် အေအေဖမ်းမိထား 

  • Writer: BVJ
    BVJ
  • Nov 12
  • 1 min read
  • ဖမ်းမိသူတွေဟာ စစ်မှုထမ်းသင်တန်းဆင်းတပ်ဖွဲ့ဝင်သစ်တွေနဲ့ အထက်တန်းကျောင်းသားတွေဖြစ်

မိုနာ/BVJ_နိုဝင်ဘာ ၁၂၊ ၂၀၂၅

ကပစ ၁၆တိုက်ပွဲအတွင်း အေအေထံ အလံဖြူထောင်၊လက်နက်ချထွက်ပြေးလာသူ စစ်အုပ်စုတပ်သားများ။
ကပစ ၁၆တိုက်ပွဲအတွင်း အေအေထံ အလံဖြူထောင်၊လက်နက်ချထွက်ပြေးလာသူ စစ်အုပ်စုတပ်သားများ။

အာရက္ခတပ်တော်-AAနဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ ရခိုင်နဲ့ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ဧရာဝတီတိုင်းအစပ်တို့မှာ တိုက်ပွဲတွေဖြစ်နေပြီး အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုဘက်က အလံဖြူထောင်သူတွေနဲ့ထွက်ပြေးလာသူ အများအပြားရှိနေတယ်လို့ အေအေက မနေ့က နိုဝင်ဘာ ၁၁ရက်ညပိုင်းမှာ အသိပေးလာပါတယ်။

 

နှစ်ဘက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ ခုခံစစ်လည်းဖြစ်သလို တန်ပြန်ထိုးစစ်တွေနဲ့လည်းအကောင်းဆုံး တုန့်ပြန်ဆင်နွှဲနေတယ်လို့ အေအေကပြောထားပါတယ်။

 

အခုလ ၈၊၉၊၁၀ရက်တို့မှာ ပဲခူးတိုင်း၊ ကပစ (၁၆)အနီးတိုက်ပွဲတွေကနေ စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၁)နဲ့ ခမရ (၃၆၃) တပ်ရင်းတွေက (အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ) စုစုပေါင်း (၁၆) ဦးအထိ ရှိခဲ့သလို ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ လေလာတောင် ပတ်ဝန်းကျင်အနီးက တိုက်ပွဲတွေမှာလည်း အခု နိုဝင်ဘာလ ၈၊၉ရက်နေ့တွေမှာ စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၈) တပ်ရင်းတစ်ခုထဲကနေ အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ စုစုပေါင်း (၁၀) ဦးရှိခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

 

ဒါ့အပြင် နိုဝင်ဘာ ၉ရက်မှာပဲ အဲ့ဒီ ကပစ (၁၆)နားတိုက်ပွဲအတွင်းကပဲ စကခ(၁၀)လက်အောက်ခံ ခမရ(၃၆၃)တပ်ရင်းက စစ်အုပ်စုတပ်ဖွဲ့ဝင် လေးဦးကိုလက်ရဖမ်းဆီးမိခဲ့ပြီး နိုဝင်ဘာ ၈ရက်မှာ နတ်ရေကုန်ဗျူဟာကုန်းက အမှတ်(၉) စစ်မြေပြင်ဆေးတပ်ရင်း၊ ခိုလန် အခြေစိုက်တပ်က ဒု-တပ်ကြပ် မျိုးမင်းထွန်းဟာ အေအေဆီကိုအလင်းဝင်လာတယ်လို့ သိရပါတယ်။

အဲ့ဒီတပ်ရင်းဟာ အေအေရဲ့ ဝန်းရံပိတ်ဆို့မှုကိုခံထားရတဲ့ စစ်အုပ်စုတပ်ရင်းတခုဖြစ်တယ်လို့လည်း အေအေက ဖော်ပြပါတယ်။

 

အေအေတပ်ဖွဲ့ထံအလင်းဝင်လာသူ ဒုတပ်ကြပ်
အေအေတပ်ဖွဲ့ထံအလင်းဝင်လာသူ ဒုတပ်ကြပ်

အောက်တိုဘာ ၃ရက်မှာလည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် သာပေါင်းကလေးကျေးရွာနားနဲ့ လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာတွေနားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး အဲ့ဒီကနေ စစ်အုပ်စုဆီက ထွက်ပြေးလာပြီး အေအေဆီမှာဖမ်းဆီးခံရလိုက်တဲ့ အယောက် ၂၀ကျော်နဲ့ လက်နက်ချ အလင်းဝင်လာသူ ၂၀ကျော်ရှိတယ်လို့ သိရပါတယ်။

 

အခုဖမ်းမိသူတွေနဲ့ အလင်းဝင်လာသူအားလုံးနီးပါးဟာ စစ်အုပ်စုကအတင်းအဓမ္မစစ်မှုထမ်းပေါ်တာဆွဲ စစ်သင်တန်းဆင်းတွေဖြစ်ပြီး အသက်၁၈နှစ်မပြည့်သေးသူတွေနဲ့ အထက်တန်းတက်နေတဲ့ကျောင်းသားတွေပါ ပါဝင်တယ်လို့ အေအေကထုတ်ပြန်ပါတယ်။

 

လက်ရှိမှာလက်နက်ချအလင်းဝင်လာသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားပြီး အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတပ်ဖွဲ့ဝင်သစ်တွေအနေနဲ့ အေအေဆီကို အလံဖြူထောင်၊ နီးစပ်ရာကတဆင့်ဆက်သွယ်ကာ အလင်းဝင်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page