မောင်တောဒေသခံနှစ်ဦးကို အာဆာအဖွဲ့သတ်ဖြတ်သွားတယ်လို့ အေအေထုတ်ပြန်
- BVJ

- 17 hours ago
- 1 min read
BVJ/ဂျိုး_အောက်တိုဘာ ၂၃၊ ၂၀၂၅

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းက ခရီးတင်ကားတစ်စီးကို မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ARSAအဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး တချို့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အာရက္ခတပ်တော်-AA ဘက်က ထုတ်ပြန်ထားပါတယ်။
ခရီးသည်ငါးဦးလိုက်ပါလာတဲ့ကားဟာ မနေ့ကနေ့လယ်ပိုင်းမှာ ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာကနေ ဆန်၊ ဆီ၊ဆား၊ ငရုပ်သီးတွေကိုဝယ်ယူပြီတော့ မောင်တောမြို့နယ် ကျောက်ပန္ဒူ ကျေးရွာကိုပြန်လာချိန်မှာ မောင်တောမြို့နယ်၊ မြိုယုရွာရဲ့အရှေ့ဘက်တံတားအနီးမှာ ARSAအဖွဲ့က ခြုံခိုတိုက်ခိုက်ဖမ်းဆီးသွားခဲ့တာပါ။
AA အနေနဲ့ ဖမ်းဆီးခံရသူတွေကိုလိုက်လံရှာဖွေခဲ့ရာ မြိုယုရွာအနီးမှာပဲ ARSAဖမ်းဆီးသွားတဲ့ ခရီးသည် ၅ဦးထဲက မဝေဝေစိုး အသက်(၃၀)နှစ်နဲ့ ကိုနိုင်ဆွေ အသက်(၄၀) နှစ်တို့ကို သေနတ်ဒဏ်ရာနဲ့သေဆုံးနေသလို သေဆုံးသူမဝေဝေစိုးရဲ့ သမီးငယ် ခိုင်မြတ်မွန် အသက်(၃)နှစ်ကိုတော့ မိခင်ရဲ့ အလောင်းဘေးမှာအသက်ရှင်လျက်တွေ့ရှိခဲ့တယ်လို့ AAထုတ်ပြန် ချက်မှာဖော်ြပထားပါတယ်။
အဲ့ဒီနောက် အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးကနေထွက်ပြေးလွတ်မြောက်လာတဲ့ ကားမောင်းသူ ကိုထွန်းဝင်း၊ ခရီးသည်မောင်သန်းထွီး(၂၅)နှစ်တို့ကိုလည်း ဒဏ်ရာတွေနဲ့ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
AAအနေနဲ့ လက်ရှိမှာတော့အကြမ်းဖက်သတ်ဖြတ်သွားတဲ့ ARSA တပ်ဖွဲ့ဝင်တွေကိုလိုက်လံရှာ ဖွေနေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။







Comments