top of page

AA နဲ့ ဘင်္ဂလားဒေ့ရှ်ထိတွေ့ဆက်ဆံမှုကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် ကန့်ကွက်ခဲ့ပေမဲ့ ပယ်ချခံရ

  • Writer: BVJ
    BVJ
  • May 7
  • 1 min read

BVJ/Moore _ မေ ၇ ၊ ၂၀၂၅


အာရက္ခတပ်တော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) တို့ ပြီးခဲ့တဲ့ မတ်လအတွင်း တွေ့ဆုံခဲ့စဉ် (Photo: U Khaing Thu Kha)
အာရက္ခတပ်တော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) တို့ ပြီးခဲ့တဲ့ မတ်လအတွင်း တွေ့ဆုံခဲ့စဉ် (Photo: U Khaing Thu Kha)

အာရက္ခတပ်တော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ်တို့ ထိတွေ့ဆက်ဆံမှုကို စစ်ကောင်စီက ကန့်ကွက်ခဲ့ပေမဲ့ ပယ်ချခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ကြားကာလအစိုးရ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ Khalilur Rahman က ပြောကြားမှုကို ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ AA တို့ ထိတွေ့ဆက်သွယ် ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့အပေါ် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ကန့်ကွက်ခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကျိုးစီးပွားမြှင့်တင် ကာကွယ်နိုင်ဖို့အတွက် လိုအပ်ရင် ဘယ်အဖွဲ့အစည်းနဲ့မဆို ဆက်သွယ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ကြားကာလအစိုးရက တုံ့ပြန်ပြောပါတယ်။


“ဘယ်သူတွေဘာပြောပြော ကျွန်တော်တို့အတွက် ကိစ္စမရှိပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ဖို့ဆိုရင် ဘယ်သူနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးသွားမှာပါ”လို့ Khalilur က သတင်းထောက်တွေကို မနေ့ မေလ ၆ ရက်က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။



ဒါ့အပြင် မိမိတို့ ကြားကာလအစိုးရအနေနဲ့ လွတ်လပ်တဲ့နိုင်ငံခြားရေးမူဝါဒတွေထားရှိထားပြီး အောင်မြင်မှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း Khalilur က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တစ်လျှောက် ထိန်းချုပ်မှုကို မြန်မာဘက်ခြမ်းမှာ AA က ထိန်းချုပ်ထားတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းဖို့အတွက် ကာကွယ်စောင့်ရှောက်မှုတွေလည်း လုပ်ဆောင်ရမယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။


“မြန်မာစစ်တပ် (စစ်ကောင်စီ) က AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားမျိုးရှိပေမဲ့ သူတို့အချင်းချင်း တွေ့ဆုံဆွေးနွေးတာမျိုး၊ အပစ်အခတ်ရပ်စဲရေး ပြောဆိုတာမျိုးလည်း ရှိနေကြတာပဲမဟုတ်လား” လို့ စစ်ကောင်စီရဲ့ကန့်ကွက်မှုအပေါ် သတင်းထောက်ရဲ့မေးမြန်းမှုကို Khalilur က ပြန်လည်ဖြေကြားခဲ့တာပါ။


နယ်စပ်ဖြတ်ကျော်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် AA ကို ထိတွေ့ဆက်ဆံမှုတွေကို လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောကြားထားပြီး မြန်မာစစ်တပ်အနေနဲ့ နယ်စပ်တစ်လျှောက် တည်ငြိမ်အောင် ပြန်လည်လုပ်ဆောင်နိုင်ပါက ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း Khalilur က ပြောပါတယ်။


Ref: bdnews24

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page