top of page

AA နဲ့ ထိတွေ့ဆက်ဆံဖို့ ကုလအတွင်းရေးမှူးချုပ် ပြော

  • Writer: BVJ
    BVJ
  • Mar 20, 2025
  • 1 min read

BVJ/Moore _ မတ် ၁၈ ၊ ၂၀၂၅


Photo: CA Press Wing/Dhaka Tribune
Photo: CA Press Wing/Dhaka Tribune

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်ဘေးရှောင်စခန်းတွေထဲရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်လည်နေရာချထားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတွက် စင်္ကြန်လမ်းဖော်ဆောင်ဖို့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အာရက္ခတပ်တော် (AA) နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြီးခဲ့တဲ့ စနေနေ့ (မတ် ၁၅) မှာ ပြောကြားခဲ့ပါတယ်။


အရေးပေါ်လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ဖြတ်တောက်ခံရမယ့်အခြေအနေနဲ့ ကြုံတွေ့နေရချိန် ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို လေးရက်ကြာခရီးစဉ် ရောက်ရှိလာခဲ့တာပါ။


“ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံအတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ဖန်တီးထားရှိပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြန်ရှိနေဖို့ လိုအပ်ပြီး ဘင်္ဂလားဒေ့ရှ်ကနေ နေရပ်ပြန်မယ့်သူတွေအတွက် လိုအပ်တဲ့အထောက်အပံ့တွေကိုလည်း လုပ်ဆောင်ပေးရမယ်။ အာဏာပိုင်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်” လို့ ဂူတာရက်စ်က သတင်စာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးအစီအစဉ်မှာ အာရက္ခတပ်တော် (AA) နဲ့ ညှိနှိုင်းဆွေးနွေးဖို့ရှိ မရှိကို သတင်းထောက်တစ်ဦးက မေးမြန်းချိန် “AA နဲ့ ကျွန်တော်တို့ လက်တွေ့ကျကျရှိနေပါတယ်။ လိုအပ်ရင် တွေ့ဆုံဆွေးနွေးဖို့ လုပ်ရပါမယ်” လို့ ဂူတာရက်စ်က ပြန်ဖြေခဲ့ပါတယ်။


ကုလလုံခြုံရေးကောင်စီအနေနဲ့ AA ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူရေးအတည်ပြုဖို့မှာ ခက်ခဲတာကြောင့် AA နဲ့ ထိတွေ့ဆက်ဆံရေးကပိုအရေးကြီးတယ်လို့ ဂူတာရက်စ်က ဖြည့်စွက်ပြောပါတယ်။ ဒါ့အပြင် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့နဲ့ တိုက်ခိုက်မှုအဆုံးသတ်ရေးအတွက် အာမခံချက်ရရှိနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေကလည်း ပိုမိုဖိအားပေးမှုတွေ လိုအပ်တယ်လို့ ဆိုပါတယ်။


ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်အပေါ် အာရက္ခတပ်တော် (AA)ရဲ့ သ‌ဘောထားကိုသိရှိရဖို့အတွက် AAပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။


၂၀၂၃ ခုနှစ် အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ကလွဲပြီး ကျန်မြို့တွေအားလုံးကို AA က ထိန်းချုပ်ထားနိုင်ခဲ့တာပါ။


Ref: France24

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page