top of page

AA တပ်ဖွဲ့ နဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်နေပြီလို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပြော

  • Writer: Zayar Oo
    Zayar Oo
  • Jan 1, 2025
  • 1 min read

BVJ/ထက်အောင် _ ဒီဇင်ဘာ ၃၁ ၊ ၂၀၂၄


ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုတွေ လုပ်နေပြီလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Jahangir Alam Chowdhury က မနေ့က ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


သူဟာ ဘင်္ဂလားဒေ့ရှ်တပ်မတော်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက် အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသလို တဖက်မှာလည်း မြန်မာစစ်တပ် (စစ်ကောင်စီ) အုပ်ချုပ်ရေးယန္တရား မြန်မာနိုင်ငံထဲမှာ လည်ပတ်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်နေတယ်လို့ Jahangir Alam Chowdhury က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရခိုင်ပြည်နယ်ဟာ ၂၇၁ ကီလိုမီတာ (၁၆၈ မိုင်) နယ်နမိတ်ချင်းထိစပ်နေပါတယ်။


“နယ်စပ်တစ်လျှောက်မှာ ပြဿနာမရှိပါဘူး။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်လုံခြုံရေးအဖွဲ့ (BGB) အပါအဝင် လုံခြုံရေးအဖွဲ့ဝင်တွေအားလုံးက သူတို့တာဝန် သူတို့ လုပ်ဆောင်နေကြပါတယ်။ ဒေသတွင်း တည်ငြိမ်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးအတွက်ကို အာရုံစိုက်လုပ်ဆောင်နေကြပါတယ်”လို့ Jahangir Alam Chowdhury က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး လက်နက်ကြီးပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေရှိနေတာကြောင့် နတ်မြစ်တစ်လျှောက်က ငါးဖမ်းလုပ်ကိုင်နေမှုဟာ လုံခြုံရေးစိတ်ချရမှုမရှိဘူးလို့လည်း သူက ပြောပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ကလည်း ဘင်္ဂလားဒေ့ရှ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလေ့လာရေးဌာန (BIPSS) က ဦးဆောင်ကျင်းပတဲ့ ဆွေးနွေးပွဲမှာလည်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေအနေနဲ့ အာရက္ခတပ်တော် (AA) နဲ့ တွေ့ဆုံဆွေးနွေးသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ လုံခြုံရေးနဲ့ ကျွမ်းကျင်းပညာရှင်တွေက တိုက်တွန်းခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page