မိုးဗြဲမြို့ စစ်ကောင်စီလက်ထဲပြန်ရောက်သွားပြီဖြစ်ကြောင်း မြေပြင်တပ်မှူးတွေအတည်ပြု
- BVJ

- Jul 4
- 1 min read
အေတီ/BVJ_ဇူလိုင် ၂, ၂၀၂၅

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီ(ကယား) ပြည်နယ်အစပ် မိုးဗြဲမြို့ဟာ စစ်ကောင်စီတပ်တွေလက်ထဲ ပြန်ရောက်သွားပြီဆိုတဲ့အကြောင်း မိုးဗြဲမြို့ကာကွယ်ရေးတိုက်ပွဲမှာ ဝင်ရောက်ဆင်နွှဲနေတဲ့ မိုးဗြဲPDFတပ်ဖွဲ့တပ်မှူးနဲ့ URF တပ်ဖွဲ့တပ်မှူး တွေက Burma VJ ကို အတည်ပြုပါတယ်။
မိုးဗြဲမြို့ ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်က ၂၀၂၄ဒီဇင်ဘာကစကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကရင်နီတပ်ပေါင်းစုက အပြင်းအထန်တိုက်ခိုက်ခုခံနေပါတယ်။စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူအားပြုပြီး မြေပြင် တပ်ဖွဲ့အင်အားရာနဲ့ချီသုံးပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။
မိုးဗြဲမြို့ခုခံကာကွယ်ရေး ကရင်နီတပ်ပေါင်းစုမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF၊ ဒီမော့ဆို DMO Local PDF၊ ရှမ်းတောင်ဗျူဟာ ၁ ၊ မိုးဗြဲ Local PDF နဲ့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- KPLAနဲ့ Urban Revolutionary Front - URFတို့ ပါဝင်ပါတယ်။
ကရင်နီတပ်ပေါင်းစုက ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့ တမြို့လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တစ်နှစ်နီးအကြာ ၂၀၂၄ ဒီဇင်ဘာလမှာ မြို့ကိုပြန်လည်သိမ်းဖို့ စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နောက်ပိုင်း မိုးဗြဲမြို့တဝိုက် တိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့ပါတယ်။
စစ်ကောင်စီက မိုးဗြဲမြို့မြောက်ဘက်ခြမ်း နှစ်မိုင်ကျော်အကွာက ခမရ ၄၂၂ ကို အခြေပြုပြီး တမြို့လုံး ပြန်လည်သိမ်းပိုက်နိုင်ဖို့ မြေပြင်တပ်အင်အားထောင်နဲ့ချီအပြင် လေကြောင်းတိုက်ခိုက်မှုအကူတွေပါအသုံးပြုခဲ့ပါတယ်။
မိုးဗြဲမြို့ရဲစခန်း ကို ၂၀၂၁ခုနှစ် မေလ၂၁ရက်နေ့မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး၊၂၀၂၅ခုနှစ် ဇူလိုင်၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူသွားခဲ့တာဖြစ်ပါတယ်။







Comments