လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်
- BVJ

- Jun 14, 2025
- 1 min read
အေတီ/BVJ_ ဇွန် ၁၄ ၊ ၂၀၂၅

အီရန်က အစ္စရေးနိုင်ငံ တဲလ်ဗစ်မြို့ကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဇွန် ၁၃ ရက်နေ့ ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေပြုလုပ်မယ်လို့ အီရန်ခေါင်းဆောင် အယာတိုလာခါမာနီ ကြုံးဝါးပြီးနောက်ပိုင်း နာရီပိုင်းအတွင်း ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
အီရန်က ဆေးရုံတွေမှာ ဒဏ်ရာရတဲ့ လူ ၄၀ ကို ဆေးကုသမှုပေးနေရပြီး၊ အဲ့ဒီထဲက ၂ ဦးက စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်။ အီရန်ရဲ့ ဒီလက်စားချေတိုက်ခိုက်မှုကို True Promise 3လို့အမည်ပေးထားပြီး အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့က စစ်ဘက်ဆိုင်ရာ အဆောက်အဦးတွေနဲ့ လေတပ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေနဲ့ မတိုက်ခင်မှာလည်း အီရန်က အစ္စရေးကို ဒရုန်း ၁၀၀ ကျော်နဲ့တိုက်ခိုက်ခဲ့ပါတယ်။
ဇွန်လ ၁၃ရက်နေ့မနက်အစောပိုင်း အစ္စရေးက အီရန်နိုင်ငံထဲက နျူကလီးယားပစ်မှတ်တွေနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေရှိတဲ့နေရာတွေကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်ကနေ အခုလို လက်စားချေ တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အစ္စရေးရဲ့ Rising Lion စစ်ဆင်ရေးကြောင့် အီရန်စစ်တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် မိုဟာမတ်ဘတ်ဟီရီအပါအဝင် စစ်တပ်အရာရှိကြီးနဲ့ သိပ္ပံပညာရှင် အများအပြား သေဆုံးခဲ့ပါတယ်။ အစ္စရေးနိုင်ငံရဲ့ဖြစ်တည်မှုကို ခြိမ်းခြောက်လာတဲ့အတွက် ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ရကြောင်း အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟုက ပြောပါတယ်။







Comments