top of page

၈၈ငြိမ်းပွင့်အဖွဲ့က လွတ်ရက်စေ့နိုင်ငံရေးအကျဥ်းသားကိုဇော်ဝမ်းမောင် အကြမ်းဖက်ပုဒ်မနဲ့နောက်မှုကပ်ခံရ

  • Writer: BVJ
    BVJ
  • Oct 13
  • 1 min read

အေတီ/BVJ_အောက်တိုဘာ ၁၀၊ ၂၀၂၅

ကိုဇော်ဝင်းမောင်။
ကိုဇော်ဝင်းမောင်။

လွတ်ရက်စေ့လို့ဒီနေ့ပြန်လွှတ်ပေးရမယ့် နိုင်ငံရေးအကျဥ်းသားကိုဇော်ဝမ်းမောင်ကို အကြမ်းဖက်ပုဒ်မနဲ့နောက်မှုကပ်ပြီး လှိုင်မြို့နယ်ပိတောက်ချောင်းရဲစခန်းမှာဆက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။


ကိုဇော်ဝမ်းမောင်နောက်မှုကပ်ခံလိုက်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ညီဖြစ်သူကိုဇော်တူးမောင်က Burma VJကိုအတည်ပြုပါတယ်။


“သူတို့မိသားစုက ဒီနေ့မနက်ပိုင်းမှာအင်းစိန်ထောင်ရှေ့မှာသွားစောင့်နေကြတဲ့အချိန်မှာ ‌ထောင်ဝန်ထမ်းတွေက ပိတောက်ချောင်းရဲစခန်းကိုလိုက်သွားလို့ ပြောလို့လိုက်သွားကြတယ်။ ပိတောက်ချောင်းရဲစခန်းရောက်မှ အကြမ်းဖက်ပုဒ်မ ၅၂ကနဲ့နောက်မှုကပ်ထားပြီဆိုတာသိကြတာ။ လွတ်ရက်စေ့နေတဲ့သူကိုပြန်မလွှတ်ပေးဘဲ အဲ့လိုကြီးလုပ်တာကတော့ ဆိုးရွားလွန်းပါတယ်ဗျာ“

အသက် ၅၃နှစ်အရွယ် ကိုဇော်ဝမ်းမောင်ဟာ ၈၈ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၉ရက်နေ့မှာ အာဏာသိမ်းစစ်အုပ်စုရဲ့ဖမ်းဆီးခံရပြီး ၅၀၅(က)ပုဒ်၊ ၁၇/၁ပုဒ်မတွေနဲ့ ထောင် ၆ နှစ်ချခံခဲ့ရပါတယ်။အာဏာသိမ်းစစ်အုပ်စုက ကိုဇော်ဝမ်းမောင်အပြင်ကျန်တဲ့မိသားစု ၄ ဦးကိုပါဖမ်းဆီးထားပါတယ်။


လက်ရှိအချိန်ထိ ကိုဇော်ဝမ်းမောင်ရဲ့ဇနီး မခက်ခက်လွင်၊ သားဖြစ်သူကိုသီဟနဲ့ ကိုမြတ်သူတို့လည်း ကျိုက်မရောထောင်နဲ့ဒိုက်ဦးထောင်တွေမှာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံထားရဆဲဖြစ်ပါတယ်။ ကိုဇော်ဝမ်းမောင်ရဲ့ကျန်တဲ့မိသားစုဝင်လေးဦးရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ကိုဇော်တူးမောင်က ထပ်ဖြည့်ပြောပါတယ်။


“ပထမတုန်းက ကိုမြတ်သူရယ် ခက်ခက်ရယ် နုနုအောင်ရယ်က ကျိုက်မရောထောင်မှာ၊ အဲ့ဒီကနေ ကိုသီဟတို့စွမ်းပြည့်တို့ရှိတဲ့ ဒိုင်ဦးထောင်ကိုခက်ခက်နဲ့နုနုအောင်တို့ရောက်သွားပြီ။ ကိုမြတ်သူကတော့ ခုထိကျိုက်မရောထောင်မှာရှိသေးတယ်။ နုနုအောင်တို့လည်း ထောင်ထဲမှာရိုက်နှက်ခံနေရတယ်လို့ကြားတယ်”

ကိုဇော်ဝမ်းမောင်ရဲ့ဇနီးသည် မခက်ခက်လွင်၊သားအကြီး ကိုသီဟ၊ ကိုသီဟရဲ့ဇနီးသည် မစွမ်းပြည့်မွန်နဲ့ သားငယ်ကိုမြတ်သူတို့ကို အာဏာသိမ်းစစ်အုပ်စု ထောင်ဒဏ် နှစ်၂၀ဆီချမှတ်ထားပါတယ်။ မခက်ခက်လွင်တို့နဲ့အတူတူအဖမ်းခံရတဲ့ မနုနုအောင်ဟာလည်း ထောင်ဒဏ်နှစ်၂၀ ချမှတ်ခံထားရပါတယ်။

ကိုဇော်ဝမ်းမောင်၊မမီးမီး(ကွယ်လွန်)၊မနုနုအောင်၊ကိုသီဟ၊မစွမ်းပြည့်စိုးမွန်၊မခက်ခက်လွင်(ဦးထုပ်နဲ့ရှေ့တန်းမှာထိုင်နေသူ)တို့ကို ၈၈ငြိမ်းပွင့်အဖွဲ့ခရီးစဥ်တခုမှာ တွေ့ရစဥ်။
ကိုဇော်ဝမ်းမောင်၊မမီးမီး(ကွယ်လွန်)၊မနုနုအောင်၊ကိုသီဟ၊မစွမ်းပြည့်စိုးမွန်၊မခက်ခက်လွင်(ဦးထုပ်နဲ့ရှေ့တန်းမှာထိုင်နေသူ)တို့ကို ၈၈ငြိမ်းပွင့်အဖွဲ့ခရီးစဥ်တခုမှာ တွေ့ရစဥ်။

လတ်တလောမှာ အာဏာသိမ်းစစ်အုပ်စုက လွတ်ရက်စေ့လို့လွှတ်ပေးရမယ့်သူတွေကို ပြန်မလွှတ်ပေးဘဲ နောက်မှုတွေကပ်ထောင်ထဲပြန်ထည့်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့် မချယ်ရီထက်၊ NLDပါတီဗဟိုလူငယ်တာ၀န်ခံ မမိုးဆန်းစုကြည်၊ အောက်တိုဘာ ၁ရက်နေ့ သာယာဝတီထောင်ကပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူ (၁)ဦးနဲ့ နိုင်ငံရေးအကျဉ်းသား (၆)ဦးတို့ဟာ နောက်မှုကပ်ခံရပြီးထောင်ထဲပြန်ထည့်ခံထားရပါတယ်။


၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီကဖမ်ဆီးခဲ့တဲ့ နိုင်ငံရေးအ ကျဥ်းသားအရေအတွက်က ၂၉၈၀၈ ထိရှိခဲ့ပြီး၊ နိုင်ငံရေးအကျဥ်းသား ၂၂၅၀၇ဦးဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်းရဲ့စာရင်းအရသိရပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page