top of page

၈၈ငြိမ်းပွင့်အဖွဲ့က ကိုဇော်ဝမ်းမောင်ပြန်လွတ်

  • Writer: BVJ
    BVJ
  • Mar 3
  • 1 min read

◼️ဇနီး၊သားနှစ်ယောက်နဲ့ချွေးမတို့ကို ဆက်ဖမ်းဆီးထား

အေတီ/BVJ_မတ် ၂၊ ၂၀၂၆


ကိုဇော်ဝင်းမောင်
ကိုဇော်ဝင်းမောင်

ဒီနေ့ မတ်လ၂ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ပြန်လွတ်လာတဲ့သူတွေထဲမှာ ၈၈ငြိမ်းပွင့်အဖွဲ့က ကိုဇော်ဝမ်းမောင်လည်းပါဝင်တယ်လို့ ညီဖြစ်သူကိုဇော်တူးမောင်က Burma VJကို အတည်ပြုပါတယ်။


“ဇော်ဝမ်းမောင်တစ်ယောက်ထဲ ဒီနေ့အင်းစိန်ထောင်ကလွတ်တယ်။ သူ့မိန်းမ၊ သူ့သားအကြီးကောင် လင်မယားရယ်၊ အငယ်ကောင်လေးရယ်က ဒိုက်ဦးထောင်မှာကျန်သေး တယ်။ ဇော်ဝမ်းမောင်က ပထမအမှုကငါးနှစ်ကျထားတာ၊ ပြန်လွှတ်ပေးပြီးတော့မှ နောက်မှုထပ်ကပ်ခံရပြီး ၅နှစ်လား ၆နှစ်လားထပ်ချခံရတာ”

အင်းစိန်ထောင်ကနေ ကိုဇော်ဝမ်းမောင်လွတ်လာပေမယ့် ကျိုက်မရောထောင်နဲ့ ဒိုက်ဦးထောင်တွေမှာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံထားရတဲ့ ကိုဇော်ဝမ်းမောင်ရဲ့ဇနီးသည် မခက်ခက်လွင်၊သားအကြီး ကိုသီဟ၊ ကိုသီဟရဲ့ဇနီးသည် မစွမ်းပြည့်မွန်နဲ့ သားငယ်ကိုမြတ်သူတို့ဟာ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ မခက်ခက်လွင်တို့နဲ့အတူအဖမ်းခံရတဲ့ မနုနုအောင်ဟာလည်း ထောင်ဒဏ်နှစ်၂၀ ချမှတ်ခံထားရပါတယ်။

ကိုဇော်ဝမ်းမောင်၊မမီးမီး(ကွယ်လွန်)၊မနုနုအောင်၊ကိုသီဟ၊မစွမ်းပြည့်စိုးမွန်၊မခက်ခက်လွင်(ဦးထုပ်နဲ့ ရှေ့တန်းမှာ ထိုင်နေသူ)တို့ကို ၈၈ငြိမ်းပွင့်အဖွဲ့ခရီးစဥ်တခုအတွင်း တွေ့ရပုံ။
ကိုဇော်ဝမ်းမောင်၊မမီးမီး(ကွယ်လွန်)၊မနုနုအောင်၊ကိုသီဟ၊မစွမ်းပြည့်စိုးမွန်၊မခက်ခက်လွင်(ဦးထုပ်နဲ့ ရှေ့တန်းမှာ ထိုင်နေသူ)တို့ကို ၈၈ငြိမ်းပွင့်အဖွဲ့ခရီးစဥ်တခုအတွင်း တွေ့ရပုံ။

၈၈ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝမ်းမောင်ဟာ ၂၀၂၁ခုနှစ်၊စက်တင်ဘာ ၁၉ရက်နေ့မှာ ဖမ်းဆီးခံရပြီး ၅၀၅(က)ပ၊ ၁၇/၁ပုဒ်မတွေနဲ့ ထောင် ၆ နှစ်ချခံခဲ့ရပါတယ်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာ၁၀ရက်နေ့မှာ လွတ်ရက်စေ့လို့ပြန်လွှတ်ရတော့မယ့် အချိန်မှာ ၅၂ကနဲ့နောက်မှုကပ်ခံရပြီး ထောင် ၅နှစ်ထပ်ချခံရတာကနေ ဒီနေ့ ပြန်လွတ်လာတာဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page