ရန်ကုန်မြို့အထင်ကရနေရာတွေမှာပြုလုပ်ခဲ့တဲ့ ၈၈၈၈လှုပ်ရှားမှု
- BVJ

- Aug 8
- 1 min read
BVJ_ သြဂုတ် ၈၊ ၂၀၂၅

ရန်ကုန်မြို့က မြို့တော်ခန်းမ၊ ဝန်ကြီးများရုံး၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု၊ ရန်ကုန်တက္ကသိုလ်၊ ကန်တော်ကြီး၊ ဆူးလေစတဲ့ အထင်ကရနေရာတွေမှာ ၈လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်၊ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့နဲ့ ရန်ကုန်မြို့နေပြည်သူတွေပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“စစ်အာဏာရှင်ဆန့်ကျင်ရေးနွေဦးတော်လှန်ရေးကာလအတွင်း ၃၇နှစ်မြောက်ရောက်ရှိခဲ့သည်ထိတိုင်အောင် အဆက်ဆက်သော စစ်အာဏာရှင်များ၏ အကြမ်းဖက်ဖိနှိပ်ရက်စက်မှုအောက်၌ အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
၎င်းတို့၏အာဏာတည်မြဲရေးအတွက် ပြည်သူကို ရန်သူသဖွယ် သတ်ဖြတ်ချေမှုန်းနေသည့် ဖက်ဆစ် စစ်အာဏာရှင်စနစ်အား အမြစ်ပါမကျန်တွန်းလှန်တိုက်ထုတ်ကြရန် ရန်ကုန်လူထုသပိတ်နှင့် ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့မှ တပ်လှန့်နှိုးဆော်အပ်ပါသည်”လို့ ရန်ကုန်လူထုသပိတ် အခုနေ့လယ်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဒီနေ့မှာကျရောက်တဲ့ ၃၇နှစ်ပြည့် ၈လေးလုံးအထိမ်းအမှတ်နေ့ကို ရန်ကုန်အပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမှုတွေလုပ်နေကြသလို ပြည်ပမှာလည်း ၈လေးလုံးထီးသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။







Comments