သမိုင်းဝင် ၈လေးလုံးနေ့ကို ရန်ကုန်အခြေစိုက်သံရုံးတွေဂုဏ်ပြုပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသ
- BVJ

- Aug 8
- 1 min read
ယူဂရင်း/BVJ_ သြဂုတ် ၈၊ ၂၀၂၅

ဒီနေ့မှာကျရောက်တဲ့ ၃၇နှစ်မြောက် သမိုင်းဝင် ၈၈၈၈နေ့ကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးတွေက ထုတ်ပြန်ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးအတွက် ဦးစွာရပ်တည်ခဲ့ကြသူတွေရဲ့ သတ္တိနဲ့စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြုကြောင်းနဲ့ အဲ့ဒီရပ်တည်စွန့်လွှတ်မှုတွေဟာမျိုးဆက်သစ်တွေအတွက် အင်အားဖြစ်စရာ ရဲဝံ့မှုတစ်ရပ်ဖြစ်ခဲ့တယ်လို့ နော်ဝေးသံရုံးက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေ တရားမျှတပြီး ဒီမိုကရေစီနဲ့ငြိမ်းချမ်းသောအနာဂတ် ရရှိရေး ကြိုးပမ်းမှုတို့မှာ အတူအခိုင်အမာရပ်တည်နေကြောင်းနဲ့ နော်ဝေးသံရုံးအနေနဲ့လည်း မြန်မာပြည်သူတွေနဲ့ အမြဲတမ်းဆက်လက်ရပ်တည်သွားမယ်လို့ ဖော်ပြပါတယ်။

အလားတူပဲ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကလည်း ၈လေးလုံးအရေးတော်ပုံမှာပါဝင်ခဲ့ကြတဲ့ လူသန်းပေါင်းများစွာတို့ရဲ့ ရဲစွမ်းသတ္တိရှိမှုတွေက ၃၇ နှစ်ကြာမြင့်ပြီးတဲ့တိုင် ဆက်လက် ရှေ့ဆောင်လမ်းပြလျက်ရှိနေကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုက ၄င်းတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အမှတ်ရဂုဏ်ပြုတယ်လို့ ဖော်ပြပါတယ်။
ငြိမ်းချမ်းရေးနဲ့မိမိတို့ကိုယ်ပိုင်လွတ်လပ်ခွင့်တို့အတွက် ရှာဖွေနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့လည်း ပြောပါတယ်။

ဂျာမနီသံရုံးကလည်း ၈လေးလုံးအရေးတော်ပုံချီတက်လမ်းလျှောက်နေတဲ့ ဓါတ်ပုံကို သံရုံးပေ့ချ်စာမျက်နှာဖော်ပြပြီး ဂုဏ်ပြုမှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။







Comments