top of page

ဒေါ်စောမြရာဇာလင်းနဲ့ နော်ကပေါ်ထူးတို့ကို စစ်ကောင်စီက အမျိုးသမီးစွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ပေး

  • Writer: BVJ
    BVJ
  • Jul 4, 2025
  • 1 min read

BVJ/ယူဂရင်း_ ဇူလိုင် ၃၊ ၂၀၂၅

KNU/KNLA-PC ဒုတိယဥက္ကဋ္ဌ နောကပေါ်ထူး (CINCDS)
KNU/KNLA-PC ဒုတိယဥက္ကဋ္ဌ နောကပေါ်ထူး (CINCDS)

ရခိုင်ပြည်၊ လွတ်မြောက်ရေးတပ်မတော်-ALPဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနဲ့ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA-PC ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူး တို့ကို စစ်ကောင်စီက အမျိုးသမီးစွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်လိုက်ကြောင်းကြေညာပါတယ်။


ဒီနေ့ ဇူလိုင် ၃ ရက်မှာကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အမျိုးသမီး(၁၅၀)ကျော်ကို စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်တွေ ချီးမြှင့်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲမှာ ဝဏ္ဏကျော်ထင်ဘွဲ့ ရသူ အမျိုးသမီးသုံးဦးပါဝင်ပါတယ်။


ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်လိုက်သူ အမျိုးသမီးသုံးဦးထဲမှာ ဒေါ်စောမြရာဇာလင်း၊ နော်ကပေါ်ထူးတို့နဲ့အတူ ပညာရေးဝန်ကြီးဌာန ပါမောက္ခ/ဌာနမှူး(ငြိမ်း) ဒေါက်တာဒေါ်ပိုလည်းပါဝင်ပါတယ်။


ဒေါ်စောမြရာဇာလင်း၊ နော်ကပေါ်ထူးတို့ဦးဆောင်တဲ့ ALPနဲ့ KNU/KNLA-PC တို့ဟာ ငြိမ်းချမ်းရေးအတွက်ဆိုကာ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေကြသူတွေဖြစ်ပြီး အခုလအတွင်းနေပြည်တော်မှကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။

 ALPဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း (ဓါတ်ပုံ-ALP)
ALPဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း (ဓါတ်ပုံ-ALP)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page